[Zawgyi]
"ဆရာ...။"
ကျင်းခန် အထဲဝင်သွားကာ ဆရာဖြစ်သူအားအရိုအသေပေးလိုက်သည်။ ယွဲ့ယွမ်ရှီးက တစ်စုံတစ်ရာကိုရေးဆွဲနေကာ မော့မကြည့်ဘဲမေးလာ၏။
"ဘာကိစ္စလဲ?"
ကျင်းခန်က သူတို့တွေ့ခဲ့ရသည်များကိုပြန်ပြောပြလိုက်သည်။ ကျင်းခန်ပြောနေသည်များကိုနားထောင်ပြီးနောက် ယွဲ့ယွမ်ရှီးက ရေးဆွဲနေသည်ကိုရပ်လိုက်ကာ စာရွက်ကိုခေါက်သိမ်းလိုက်ပြီး ပြောလာသည်။
"အကုန်လုံးကို ဝင်လာခိုင်းလိုက်။"
"ဟုတ်ကဲ့။"
ကျင်းခန် အပြင်ထွက်ကာ အားလုံးကိုခေါ်လာလိုက်သည်။
"မင်းတို့အားလုံး ကျင်းခန်နဲ့လိုက်သွား။ ဘာတွေဖြစ်နေလဲသေချာစုံစမ်းခဲ့။ မနိုင်လောက်ဘူးထင်ရင် မစွန့်စားနဲ့။ သတင်းပို့။ နားလည်လား?"
"ဟုတ်ကဲ့။"
"အခု ပြင်ဆင်စရာရှိတာတွေပြင်ဆင်ထုပ်ပိုးပြီး မနက်ဖြန်စထွက်တော့။ သွားလို့ရပြီ။"
"ဟုတ်ကဲ့။"
အားလုံးထွက်သွားသော်လည်း လင်းမော့ကတော့ ယောင်ပေယောင်ပေနှင့်ကျန်ခဲ့လေ၏။ ယွဲ့ယွမ်ရှီးက လင်းမော့ကိုကြည့်ကာမေးသည်။
"ဘာလုပ်နေတာလဲ?"
ထိုအခါမှ လင်းမော့သည် ယွဲ့ယွမ်ရှီးအနားပြေးလာကာထိုင်ချလိုက်လေ၏။
"မွေးစားဖေဖေ...ကျွန်တော်ရောလိုက်သွားရမှာလား?"
လင်းမော့၏မျက်ဝန်းအစုံမှာ မျှော်လင့်ချက်တို့ဖြင့်တလက်လက်တောက်ပနေသည်။ သို့ရာတွင်ယွဲ့ယွမ်ရှီးက အေးစက်စာံပင်ပယ်ချလိုက်လေ၏။
"မလိုက်ရဘူး။"
"ဘာလို့လဲ? လိုက်ချင်တယ်...လိုက်ချင်တယ်လို့!"
လင်းမော့ ယွဲ့ယွမ်ရှီး၏အင်္ကျီလက်ကိုလှုပ်ခါကာပြောလိုက်သည်။ သူစစ်ထျန်းတောင်ခြေရှိမြို့ကလွဲလျှင် အခြားနေရာများမရောက်ဖူးသေး။ ပြီးတော့ မိစ္ဆာနှိမ်နှင်းဖို့သွားတာက အတော်လေးပျော်စရာကောင်းမည့်ပုံပင်။
VOCÊ ESTÁ LENDO
မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]
Fantasia'သောက်ကျိုးတွေ ချီးလိုနည်း!! ကိုယ်ဖန်တီးထားတဲ့ ကိုယ့်ဇာတ်ကောင်...တစ်နည်းအားဖြင့် ငါ့သားက ငါ့ကိုကြိုက်တယ်ဆိုတာ ယောင်လို့တောင်မတွေးမိဘူး!! ဒင်းကဘယ်တုန်းက ကွေးသွားတာတုန်း!! နောက်ပြီးတော့ ဟောဒီကမင်းဖေဖေငါက gayမဟုတ်ဘူးကွ!!' Artist : Lucy Xellies