အခန်း(၁၄)

20.5K 3.4K 49
                                    

[Zawgyi]

"မိန်းမတွေက စိတ်ရှုပ်ဖို့ကောင်းတယ်။ သူတို့နဲ့ပတ်သက်တာ ဒါ နောက်ဆုံးအကြိမ်ဖြစ်ပါစေ။"

လင်းမိုရဲ့အကြည့်က အန္တရာယ်အငွေ့အသက်တွေနဲ့ပြည့်နေသည်။

"အာ....။"

သွမ့်ရုံရှင်း ဘာပြောရမှန်း မသိတော့ပေ။

ဒါက ငါ့ကို သတ်ချင်နေတယ်လို့ ခံစားနေရတဲ့ အကြောင်းအရင်းပေါ့လေ။ ဖေ့သားလေးအတွက်ပါကွာ။ ထားပါလေ...သူမသိအောင် လုပ်ရတော့မှာပေါ့။

"ဟုတ်။"

အပြင်ပန်းတွင်တော့ စိတ်ထဲတွင်တွေးနေသည်နှင့်ခြားနားစွာပင် သွမ့်ရုံရှင်း ခေါင်းကို ခပ်သွက်သွက်လေး ငြိမ့်ပြလိုက်၏။ လင်းမိုက သည်တော့မှ ကျေနပ်သွားတဲ့ပုံစံနဲ့ သူ့ဆံပင်တွေကို ဖွလာ၏။ သူက ပြုံးကာဆိုသည်။

"လိမ္မာတယ်။"

သူ့ဆံပင်တွေ ရှုပ်ပွသွားတာကြောင့် သွမ့်ရုံရှင်း လင်းမိုကို မကျေမနပ်နဲ့ ကြည့်လိုက်မိသည်။ အမှန်တော့ သူ့ဆံပင်ပွသွားတာကြောင့်ဆိုတာထက် လိမ္မာတဲ့ခွေးလေးကို သခင်က ခေါင်းပုတ်ပြီးချီးကျူးနေသလို ခံစားလိုက်ရလို့ဖြစ်၏။

ငါ့ချီး...! ဒီဇာတ်လိုက်ကောင်ကတော့..!

ဖြစ်နိုင်ရင် သူဒီမသိတတ်တဲ့သားကို တုတ်ဆွဲပြီး ကြောက်ချေးပါအောင် ရိုက်ပစ်လိုက်ချင်တယ်။ သူ့ကို ဒီလိုဆက်ဆံစရာလား!!?

လင်းမို သူ့ကိုမကျေမနပ်ကြည့်နေတဲ့ ဆရာတူညီငယ်လေးကြောင့် ဆံပင်တွေဖွနေတဲ့ သူ့လက်ကို မရုတ်ချင်ရုတ်ချင် ရုတ်လိုက်ရသည်။ ဒီဆရာတူညီငယ်လေးရဲ့ ဆံပင်တွေက နူးညံ့နေတာပဲ။ ကိုင်လို့အရမ်းကောင်းတယ်။

သူတို့ကြားမှာ ခဏတာ ငြိမ်သက်သွားပြီးနောက် လင်းမိုက သွမ့်ရုံရှင်းကို သူ့အနားကိုဆွဲလိုက်၏။ လင်းမို ဒီလိုလုပ်လာမယ် မထင်ထားတာကြောင့် သွမ့်ရုံရှင်း ကြောင်နေမိသည်။  ပြီးမှ သူ့ခေါင်းစည်းကို ဖြုတ်လိုက်တာကို ခံစားမိသွားပြီး သတိဝင်လာကာ အလန့်တကြားထအော်သည်။

"အစ်ကိုသုံး!! ဘာလုပ်တာတုန်း!?"

လင်းမို ပြန်ထရပ်နေသော သူ့ဆရာတူညီငယ်ကို မျက်မှောင်ကုတ်ကြည့်ရင်း အနားကို ပြန်ဆွဲချလိုက်သည်။ အားအနည်းငယ်ပါသွားသည်ကြောင့် သွမ့်ရုံရှင်းမှာ ကို့ရို့ကားယားနိုင်စွာ လင်းမိုကိုယ်ပေါ်ကျသွားရသည်။ ခေါင်းစည်းကြိုးကိုဖြေထားသည်ကြောင့် ဆံနွယ်ရှည်တို့မှာလည်း ဖရိုဖရဲ။ သူ့ရင်ခွင်ထဲပစ်ကျလာကာ ဆံနွယ်တို့ဖရိုဖရဲဖြစ်နေသော ဆရာတူညီငယ်ကိုကြည့်ရင်း လင်းမို၏နှုတ်ခမ်းစွန်းများမှာ မသိမသာကော့တက်သွား၏။ 

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ