[Zawgyi]
"ယောက်ျား...ဒီကိုလာကြည့်။"
ကျင်းခန် မိန်းမဖြစ်သူချင်းစု၏ခေါ်သံကြောင့် သူမရှိရာလျှောက်သွားလိုက်သည်။ ချင်းစုညွှန်ပြနေသည့်နေရာတွင်မူ အသားအရေများခမ်းခြောက်နေသည့် တိရစ္ဆာန်အလောင်းတစ်လောင်းရှိနေပေသည်။
"အသွေးအသားတွေအားလုံးစုပ်ယူခံရပြီးသေသွားတာပဲ။ မိစ္ဆာတွေလက်ချက်ဆိုတာ သေချာပေမယ့် လူတွေကိုအန္တရာယ်မပြုရင်တော်ပါပြီ။"
ကျင်းခန်က ပြောလိုက်သည်။ ကျင်းခန်နှင့်ချင်းစုမှာ ဆေးပင်ခူးရန်အတွက် စစ်ထျန်းတောင်မှထွက်လာခြင်းဖြစ်လေ၏။
"ဒါပေမယ့် သတိထားမိလား? ဒီနေရာက လူတွေနေတဲ့နေရာနဲ့သိပ်မဝေးတော့တာကို။"
ချင်းစုက အချက်တစ်ချက်ကိုထောက်ပြလာ၏။
"မကောင်းတော့ဘူး။ ရွာထဲသွားကြည့်ရအောင်။"
ကျင်းခန်က ရုတ်တရက်ရေရွတ်ကာ ချင်းစုလက်ကိုဆွဲပြီး အနီးရှိရွာထဲသို့ပြေးဝင်သွားလေ၏။ ရွာကလေးမှာ ခြောက်ကပ်တိတ်ဆိတ်နေကာ ရွာပျက်တစ်ခုနှင့်ပင်တူနေလေသည်။ မကြာမီမှာပင် အသွေးအသားများ ခြောက်ခမ်းလျက်ရှိသော လူသေအလောင်းများကို အပြုံလိုက်တွေ့လိုက်ရလေတော့၏။
"ဘယ်လိုဖြစ်ရတာလဲ?"
ချင်းစု၏ကိုယ်ကလေးမှာ နောက်သို့ပင်ယိုင်သွားသည်။
"ကြည့်ရတာ မိစ္ဆာနယ်နမိတ်စည်းကိုချိတ်ပိတ်တုန်းက စွမ်းအားကြီးမိစ္ဆာတစ်ကောင်လွတ်မြောက်နေခဲ့တဲ့ပုံပဲ။ တိုက်ပွဲကဒဏ်ရာတွေပြင်းထန်နေလို့ အချိန်ယူကုစားနေပြီး ဒဏ်ရာတွေပျောက်သွားမှ စွမ်းအားတိုးဖို့ လူ့အသွေးအသားတွေကို စုပ်ယူနေတဲ့ပုံပဲ။ ကိုယ်တို့ စစ်ထျန်းတောင်ကိုပြန်ပြီး ဆရာ့ကိုပြောကြရအောင်။"
"အင်း။"
.....ဝေကွမ်းမျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်သည်။ စူးရှသောနေရောင်က မျက်လုံးကိုလာထိုးသဖြင့် လက်တစ်ဖက်နှင့်ကာလိုက်ရင်း သူရောက်နေသောနေရာကို စူးစမ်းလိုက်သည်။ သူအိပ်မက်ရှည်ကြီးတစ်ခုမက်ခဲ့သည်။
YOU ARE READING
မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]
Fantasy'သောက်ကျိုးတွေ ချီးလိုနည်း!! ကိုယ်ဖန်တီးထားတဲ့ ကိုယ့်ဇာတ်ကောင်...တစ်နည်းအားဖြင့် ငါ့သားက ငါ့ကိုကြိုက်တယ်ဆိုတာ ယောင်လို့တောင်မတွေးမိဘူး!! ဒင်းကဘယ်တုန်းက ကွေးသွားတာတုန်း!! နောက်ပြီးတော့ ဟောဒီကမင်းဖေဖေငါက gayမဟုတ်ဘူးကွ!!' Artist : Lucy Xellies