အခန်း(၃၂)

17.2K 2.9K 12
                                    

[Zawgyi]

{ကိုယ် ရှောင်ရှင်းကို တကယ်သဘောကျတာ}

သွမ့်ရုံရှင်း သူ့လက်ချက်နဲ့ သတိမေ့နေတဲ့ လင်းမိုကို တစ်ချက်ကြည့်လိုက်သည်။ သူထွက်သွားသင့်လား။ ဒီအတိုင်းထားခဲ့လည်း လင်းမိုက ဇာတ်လိုက်ဆိုတော့ ဘာမှတော့မဖြစ်လောက်ပါဘူး။ သို့သော်လည်း စောစောက သူသာရောက်မသွားရင် စိတ်ဖောက်ပြန်ပြီးရူးနေလောက်ပြီဆိုတာကိုတွေးမိတော့ ထွက်သွားဖို့ကို နှစ်ခါပြန်တွေးမိရသည်။

"လင်းမော့။"

[ပြောပါ Host။]

"missionအောင်မြင်ရင် ငါ့ကမ္ဘာကို ပြန်သွားလို့ရမယ်လို့ မင်းပြောဖူးတယ်နော်။"

လင်းမော့က ပြန်ဖြေသည်။

[ပြောဖူးတယ်လေ။]

သွမ့်ရုံရှင်း၏ နှုတ်ခမ်းများ ယောင်ယောင်လေးကွေးညွတ်သွားသည်။

"ဒါပေမယ့် ဘယ်အချိန်missionအောင်မြင်ရမယ်လို့ မင်းမပြောဘူး။ ဒီတော့ ငါဘယ်အချိန်မှ missionထလုပ်လုပ် အဆင်ပြေတယ်ဆိုတဲ့သဘောပေါ့။"

လင်းမော့ သူ့Hostမေးခွန်းကို ထူးဆန်းသလိုခံစားလိုက်ရတာတော့အမှန်။

[Hostဘာပြောချင်တာလဲ?]

"ငါလင်းမိုဘေးက ထွက်သွားမလို့လေ။ သူအသက်ရှင်နေသရွေ့ ငါmissionမလုပ်ဘဲနေလည်း ရတာပဲ။"

[Hostကမ္ဘာကို ပြန်မသွားချင်တော့ဘူးလား?]

"ပြန်သွားရတာကနောက်။ လင်းမိုအစားခံရမှာက အရင်။"

[ဒါက....]

"ဒါဆို ငါသွားတော့မယ်။"

[လုံးဝ မရပါဘူးHost!! Hostရဲ့ missionပြီးဆုံးရမယ့်အချိန်က ဝတ္ထုဇာတ်ကြောင်း အဆုံးသတ်ချိန်ပါ။ Hostသိလောက်မယ်ထင်လို့ မပြောဖြစ်တာ။ မအောင်မြင်ရင် Hostရဲ့ဝိဥာဉ်ဖြိုခွဲခံရပါမယ်။]

မင်းအဘ! ထွက်သွားမယ်ပြောမှ လက်နက်ကြီးတွေထုတ်သုံးနေလိုက်! သွမ့်ရုံရှင်း တကယ်ပင်သွေးအန်ချင်သွားရသည်။

"ငါက မင်းပြောမှသိမှာပေါ့!"

[Hostမှ မမေးတာ။]

မကျေနပ်သည့်လေသံနှင့်ပြောလာသော Systemကြောင့် သွမ့်ရုံရှင်းမျက်နှာမဲ့သွားသည်။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Donde viven las historias. Descúbrelo ahora