အခန်း(၂၈)

17.5K 3K 78
                                    

[Zawgyi]

{ဝင်္ကပါတောမှာတစ်ညတာ}

လင်းမိုနှင့် ခပ်လှမ်းလှမ်းရှိ သစ်ပင်တစ်ပင်အောက်တွင် သွမ့်ရုံရှင်း ထိုင်နေခဲ့သည်။ သူ့မျက်လုံးတွေက မီးမွှေးနေသော လင်းမိုဆီမှာ သတိအပြည့်ဖြင့်ကပ်ငြိနေ၏။ အမှောင်ထုက တဖြည်းဖြည်းကြီးစိုးလာကာ တောအုပ်ထဲမှာတော့ ငှက်ကလေးများအိပ်တန်းတက်သံနှင့် သစ်ရွက်လေတိုးသံများကို ကြားနေရသဖြင့် လုံးဝတိတ်ဆိတ်နေသည်ဟု မဆိုသာ...။

မီးအလင်းရောင်က လင်းမိုကိုဟပ်နေပြီး သူ့မျက်လုံးတို့မှာလည်း မီးရောင်ဖြင့် တလက်လက်တောက်ပနေခဲ့လေသည်။ လင်းမိုကို စောင့်ကြည့်နေရသည်မှာ ပျင်းလာသဖြင့် သွမ့်ရုံရှင်း လင်းမော့ကို ခေါ်ထုတ်လိုက်သည်။

"လင်းမော့...။"

"ဘာလဲ?"

"သားသားလေးလင်းက ငါ့ကို ဘာမှမလူပ်လောက်ဘူးမလား?"

"Hostက ဘာလုပ်စေချင်နေတာတုန်း!?"

"ငါလား...ဘာမှမလုပ်စေချင်ပါဘူး။ ဒါပပေမယ့် စိတ်ရူးပေါက်ပြီး ငါ့ကိုသတ်ရင် ဘယ်လိုလုပ်မလဲ?"

"Hostဘာတွေးနေတယ်ဆိုတာ ကျွန်တော်မသိဘူးဆိုတော့လေ။ ဖြောင့်တယ်သာပြောနေတာ...အတွေးတွေက...မပြောလိုက်ချင်ဘူး..။"

သွမ့်ရုံရှင်း ပြန်လည်ချေပရန် ပြင်နေစဉ်မှာပင် လင်းမိုက မီးဖိုနားမှထကာ သူ့အနားသို့လျှောက်လာပါ၏။

"ရှောင်ရှင်း။ မီးဖိုနဲ့ အဝေးကြီးမှာထိုင်ပြီး ဘာလုပ်မလို့တုန်း? ထ...ကိုယ်မင်းကို ကိုက်မစားပါဘူး။"

လင်းမိုက ပြုံးစိစိမျက်နှာပေးဖြင့်ပြောသည်။

"ရ..ရတယ်။ ကျွန်တော် ဒီနားမှာပဲထိုင်မယ်။"

လင်းမိုက သူ့ရှေ့ထိုင်ချလိုက်ကာ သူ့ကို သေချာကြည့်လာသည်။

"ဘာဖြစ်လို့လဲ?"

သွမ့်ရုံရှင်း မျက်လုံးအပြူးသားနှင့် ပြန်ကြည့်ရင်း မေးလိုက်သည်။

"ရှောင်ရှင်း ထူးဆန်းနေလို့။ ကိုယ့်ကို ရှောင်ဖယ်..ရှောင်ဖယ်နဲ့။"

"မဟုတ်ပါဘူး။ သွားမယ်။ လာ..ထ။"

သွမ့်ရုံရှင်း ကပျာကယာပင်ထကာ ခုထိမထသေးဘဲ ထိုင်နေသော လင်းမိုကို အတင်းဆွဲထူကာ မီးဖိုနားသို့လျှောက်လာလိုက်သည်။ ဒါတောင် မထသေးဘဲ ပေကပ်ထိုင်နေသဖြင့် သူအားကုန်ဆွဲထူခဲ့ရခြင်းဖြစ်သည်။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now