အခန်း(၄၄)

11.4K 2.1K 19
                                    

[Zawgyi]

ယွဲ့ယွမ်ရှီး လမ်းပေါ်ရောက်သောအခါ လင်းမော့မှာ စာအုပ်ဆိုင်ထဲတွင်ရောက်နေပြီဖြစ်၏။ ဆိုင်ရှင်မှာ သူ့ဆိုင်ထဲခပ်တည်တည်ဝင်လာကာ စာအုပ်များကောက်ကိုင်နေသောကလေးပေါက်စကိုကြည့်၍ အတွေးပွားနေလေ၏။ ဆယ်နှစ်အရွယ်လေးက ဘယ်လောက်များဖတ်တတ်မှာမို့တုန်း?

လင်းမော့သည်ကား သူလိုချင်သောစာအုပ်ကို မွှေနှောက်ရှာဖွေနေဆဲ။ ယွဲ့ယွမ်ရှီးသည်လည်း ဆိုင်ထဲရောက်လာ၏။ ပြီးနောက် စာအုပ်စင်များကို မွှေနှောက်နေသောလင်းမော့ကို ရပ်ကြည့်၍သာနေသည်။ စကားတစ်ခွန်းမဆို။

အတန်ကြာရှာဖွေပြီးသည့်တိုင် သူလိုချင်သည့်အရာမတွေ့သဖြင့် လင်းမော့စိတ်ပျက်စွာခေါင်းယမ်းလိုက်သည်။

'ဟုတ်သားပဲ။ ဒီလိုစာအုပ်မျိုးကို ဘယ်သူကများ ဆိုင်မှာပေါ်တင်ကြီးတင်ထားမှာလဲ?'

ထို့နောက်တွင်တော့ လင်းမော့သည် ဆိုင်ရှင်ဆီသို့ ချဉ်းကပ်သွားလိုက်သည်။

"ဦးလေးကြီး။"

ဆိုင်ရှင်က ကလေးရယ်ဟူ၍အမှတ်မထား။ ဂရုတစိုက်ပင်ပြန်ဖြေပေးသည်။

"ဘာလဲကွ? ပြော။"

"လာ..ဒီနားတိုးခဲ့။"

လင်းမော့က ဆိုင်ရှင်ဦးလေးကြီးကို ငုံ့ကိုင်းခိုင်းကာ နားနားကပ်ပြီး တစ်စုံတစ်ခုကိုတီးတိုးပြောလိုက်သည်။ ထို့နောက်မှာတော့ ဆိုင်ရှင်ကြီး၏မျက်လုံးအစုံမှာ ပြူးကျယ်သွားတော့သည်။

"မင်း...။"

"ရှိလားမရှိဘူးလားပဲပြော။ ပိုက်ဆံပေးဝယ်မှာပါဗျ! ဟွန့်!"

ပြောပြောဆိုဆိုနှင့်ပင် ခပ်လှမ်းလှမ်းတွင်ရပ်နေသော ယွဲ့ယွမ်ရှီးထံသို့လျှောက်သွားကာ လက်ဖြန့်လိုက်သည်။ ပိုက်ဆံတောင်းသည့်သဘောပင်။ ယွဲ့ယွမ်ရှီးကလည်း ပိုက်ဆံအိတ်တစ်အိတ်လုံးကို လင်းမော့လက်ထဲထည့်ပေးလိုက်လေသည်။ လင်းမော့က ပိုက်ဆံအိတ်ကိုမြှောက်ကာဆော့ကစားရင်း ဆိုင်ရှင်ကြီးကို ပြောလိုက်သည်။

"ဘာကြောင်နေတာလဲ? ရှိလားလို့?"

"ရှိတယ်။ ရှိတယ်။"

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now