အခန်း(၃၁)

17.5K 2.9K 80
                                    

[Zawgyi]

{ငါလည်းGayနေပြီလား}

"ရှောင်ရှင်း...။"

လင်းမို သူ့နာမည်ကို ခေါ်လာပုံက ရီဝေဝေ...။ ဘာဖြစ်နေမှန်း သူမဆုံးဖြတ်နိုင်သေးခင်မှာပင် သူ့လက်ကောက်ဝတ်နှစ်ဖက်ကို ကိုင်ထားသောလက်ကို လင်းမိုက လွှတ်လိုက်ကာ လက်တို့က သူ့ခေါင်းကို ထိန်းကိုင်လာ၏။ သွမ့်ရုံရှင်းစိတ်ထဲ မကောင်းတော့ဘူးဟုအော်ဟစ်နေသော်ငြား သူ့တွင် ရုန်းကန်ရန် အားမရှိ။

ထိုအခိုက်မှာပင် လင်းမိုက နှုတ်ခမ်းပါးတို့ကိုဖွင့်ဟပြီး စကားတစ်ခွန်းကို ပြောလာပါ၏။

"ကိုယ် ရှောင်ရှင်းကို သဘောကျနေခဲ့တာ။ ရှောင်ရှင်းလည်း ကိုယ့်ကို သဘောကျနေတယ်မလား? အဲ့ဒါကြောင့် ကိုယ့်ကိုလာကယ်တာမလား?"

သွမ့်ရုံရှင်း တစ်ခုခုပြန်ပြောချင်ဟန်ဖြင့် နှုတ်ခမ်းတလှုပ်လှုပ်ဖြစ်နေသော်လည်း စကားတို့က ထွက်မလာ...။

'မင်းကြီးတော်ကိုပဲသဘောကျ!! ဒီဖေဖေကြီးက ကိုယ့်သားလေးရူးသွားမှာ မကြည့်ရက်လို့ လာကယ်တာကွ။ အထင်မှားနေတာတွေ ရပ်လိုက်တော့..ဟုတ်ပြီလား?'

လင်းမိုက တလှုပ်လှုပ်ဖြစ်နေသော သွမ့်ရုံရှင်း၏ နှုတ်ခမ်းပါးကို စိုက်ကြည့်နေခဲ့လေသည်။ ထို့နောက်တွင်တော့ ရုတ်ချည်းဆိုသလိုပင် သူ့နှုတ်ခမ်းနှင့် ထိကပ်လိုက်ပါ၏။ သွမ့်ရုံရှင်းခေါင်းထဲတွင် အချက်ပေးသံများ ဆူညံသွားကာ နှုတ်ခမ်းကို ခပ်တင်းတင်းပြန်စေ့ထားလိုက်သည်။

ဒါကြီးက မဖြစ်သင့်ဘူးလေ။ မဖြစ်သင့်ဘူးလို့။ အလိုမတူဘဲ အတင်းအကြပ်လုပ်တာက ပြစ်မှုမြောက်တယ်နော်။ အား!!

သူ့လျှာနှင့် ထိုးဖောက်ဝင်ရောက်သော်လည်း မရသည်ကြောင့် လင်းမိုစိတ်မရှည်ဖြစ်ကာ သွမ့်ရုံရှင်း၏ အောက်နှုတ်ခမ်းကို ကိုက်ချလိုက်သည်။ ညည်းသံသဲ့သဲ့နှင့်အတူ သွမ့်ရုံရှင်း၏ နှုတ်ခမ်းလွှာများပွင့်ဟသွားတော့ တရကြမ်းဝင်ရောက်လာသည့် နွေးထွေးနူးညံ့နေသည့် လျှာ...။ စိတ်ထဲက ကျိန်ဆဲလိုက်ရင်း ထိုလျှာကို ဖမ်းကိုက်ဖို့ပြင်လိုက်သော်လည်း မရ။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Donde viven las historias. Descúbrelo ahora