Part-10 (သို့သော်..)

540 59 0
                                    

For Unicode
သို့သော်

ဘာလို့အမှန်တိုင်း ဝန်မခံရတာလဲ ကိုစိုင်းထွဋ်ခေါင်။  အမှန်တိုင်းဝန်ခံဖို့ ဘာတွေများအခက်အခဲတွေရှိနေလို့လဲ။ အဖြစ်မှန်တွေပြောရတာ ခင်ဗျားအတွက်ခက်ခဲတယ်လို့ ထင်နေတာလား။ ခင်ဗျားထက် ကျွန်တော်ကပိုခက်ခဲတာကို တကယ်ပဲမသိရော့လေသလား။ ခင်ဗျားဘာပဲပြောပြော လက်ခံနိုင်အောင်ကြိုးစားထားရတာ လွယ်တဲ့ကိစ္စလို့ ခင်ဗျားထင်မှတ်ထားသလား။ ဘဝချင်းမတူတာသိသိနဲ့ မဖြစ်နိုင်တဲ့အလုပ်ကြီးကို ဇွတ်တိုးနေရတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးနော်။ ခင်ဗျားဘာပဲပြောပြော လက်ခံပေးမှာမို့လို့ ကျေးဇူးပြုပြီး.. ကျေးဇူးပြုပြီး.. ကျွန်တော့ရှေ့မှာ ခစားပေးပါ.. ဝန်ခံပေးပါ။

ခင်ဗျားပြောမယ့်အဖြစ်မှန်ဟာ ပျားရည်လိုမချိုသောငြား တမာလိုခါးနေရင်တောင်.. ကျွန်တော်လက်ခံပေးမှာမို့လို့ ကျွန်တော့်ရှေ့မှာခစားပေးပါ။ ကျွန်တော်လေ ပင်ပန်းတဲ့အလုပ်တွေ လုပ်ရတာမကြိုက်ဘူး။ အဲဒါကြောင့်.. ခင်ဗျားကိုချစ်ရခြင်းဆိုတဲ့အလုပ်ကို ပင်ပန်းတဲ့အလုပ်ဖြစ်အောင် ခင်ဗျားမဖန်တီးပါနဲ့နော်။

ကိုဧည့်သည်.. ခင်ဗျားက ကျွန်တော်မဖိတ်ခေါ်ဘဲ ကျွန်တော့်အနားကို ရောက်လာတယ်။ အခုလည်း ကျွန်တော်မနှင်ဘဲ ခင်ဗျားက ထွက်ပြေးသွားပြန်ပြီနော်။

ခင်ဗျားကျွန်တော့်ထံပါး မလာရောက်သည့်နေ့ရက်များကို ခြောက်ကပ်စွာဖြတ်သန်းနေခြင်းအား ခင်ဗျားမြင်ပါစေ...။

ခင်ဗျားကိုချစ်ရခြင်းသည် လွယ်ကူခြင်းမရှိကြောင်း ခင်ဗျားသိပါစေ။

ခင်ဗျားကိုသတိရ၍ ခင်ဗျားနာမည်အား ခေါ်မိသည့် တီးတိုးသံကို ခင်ဗျားကြားပါစေ။

ထိုအကြောင်းအရာများကို သိ၊ ကြား၊ မြင်ပါသော်ကျွန်တော့်ရှေ့သို့အမြန်ရောက်ပါစေ။

ရောက်စေလိုငြား ဆုတောင်းခဲ့သော်လည်း ရောက်မလာခဲ့ပေ။ ထိုသို့ရောက်မလာခြင်းသည် မြတ်သူ၏ခံစားချက်များကို သူမမြင်၍မဟုတ်။ သူမသိ၍မဟုတ်.. သူမကြား၍မဟုတ်။ သူမြင်ပါသည်။ သူသိပါသည်။ သူကြားပါသည်။ မြင်ပါလျက် သိပါလျက် ကြားပါလျက် အဘယ့်တွက်ကြောင့်ရောက်မလာခဲ့သနည်း။

Amiss Prayer (Zawgyi&Unicode) [Completed]Where stories live. Discover now