For Unicode
မွေ့လျော်ခြင်းအချိန်အားဖြင့် ဆယ်နာရီထိုးခဲ့ပြီ..။ နေသူရိန်သည်က သတိမရသေး..။ လမင်းကိုကိုသည်က နေသူရိန်ကိုသာငေးကြည့်လျက် မည်သည်ကိုမျှမဆောင်ရွက်နိုင်..။ လန့်နေသောကိုယ်ငယ်လေးမှာ ယခုအထိတိုင်ပင် တုန်ယင်လို့နေသည်။ နှစ်ဖက်မိသားစုတို့သည်လည်း ဆေးရုံတွင်ရောက်နေလေပြီ။
နေသူရိန်၏အမေနှင့်အဘွားအား ကျွန်တော်မျက်နှာမပြရဲ..။ အလွန်တရာ အားနာမိပါသည်။ မိမိအတွက်နှင့် နေသူရိန်ထိခိုက်ခဲ့ရသည်မဟုတ်လော..။ ယခုတွင် မိမိကိုများ မုန်းနေပြီလော..။ သူနှင့် သူ၏မိဘကိုပါ တောင်းပန်ချင်မိသည်။
“ ဆရာမကြီးနဲ့ အန်တီကို သားတောင်းပန်ပါတယ်နော်..။ သားကြောင့် နေသူရိန်က.. အခုလို ထိခိုက်မိတာဆိုတော့ ..”
“ မဟုတ်တာသားရယ်.. ရပါတယ်.. ကံကိုကလည်း ဒီလိုဖြစ်ရမယ်လို့ ပါလာတာနေမှာပါ..။ သားလည်းလန့်နေမှာပေါ့.. “
“ သားလန့်တာထက်.. သူ.. တစ်ခုခုဖြစ်သွားရင်..”
“ သိပ်လည်း စိုးရိမ်စရာမလိုပါဘူး.. အန်တီ့သားက ဘယ်ဘက်လက်တော့ကျိုးသွားတယ်..။ ကျန်တာက ပွန်းပဲ့ဒဏ်ရာပဲ ရှိပါတယ်..။ ခေါင်းလည်း မထိပါဘူး..။ အခုမေ့နေတာကလည်း သူဖျားနေတဲ့အရှိန်ကြောင့်လည်းပါတယ်တဲ့.. သတိရလာလို့ ခေါင်းမူးတာတွေအန်တာတွေမရှိရင် မနက်ဖြန်ပဲ ဆေးရုံကဆင်းရမယ်တဲ့ “
“ တော်ပါသေးရဲ့.. သူဘာမှမဖြစ်လို့ “
ဝမ်းသာ၍ကျသည့်မျက်ရည်လော.. ဝမ်းနည်း၍ကျသည့်မျက်ရည်လော.. ကျွန်တော်မသိ..။ သူ့ကိုသာစိတ်ပူနေမိသည်။ အနည်းငယ်သာထိခိုက်မိသည်ဆိုသော်ငြား.. မိမိကြောင့် သူထိခိုက်ခဲ့ရသည်မို့ မိမိတွင်အပြစ်ရှိနေသည်။
“ မငိုပါနဲ့သားရယ်.. သား လန့်နေတုန်းပဲလား..။ အင်္ကျီမှာလည်း သွေးတွေနဲ့..။ သားအိမ်ပြန်ပြီး နားလိုက်ပါလား “
“ သားက ရပါတယ်.. အန်တီတို့ပြန်နားရင်နားပါ သားဆေးရုံစောင့်ပေးပါမယ် “
“ မဟုတ်တာသားရယ်.. “
“ သားကြောင့် အခုလိုဖြစ်တာဆိုတော့ သားမှာ အပြစ်ရှိတယ်လို့ခံစားရလို့ပါ..။ သားကို ဆေးရုံစောင့်ခွင့်ပေးပါ အန်တီ “
ESTÁS LEYENDO
Amiss Prayer (Zawgyi&Unicode) [Completed]
RomanceFor Zawgyi အဆင့်အတန်းကွာဟမှုရှိတဲ့လူသားနှစ် ဦး... ထိုလူသားနှစ်ဦးကြားဖြစ်တည်လာတဲ့ချစ်ခြင်းတစ်ခုဟာ ခိုင်မြဲပါ့မလားး... ဘယ်ဘဝရောက်ရောက်ချစ်နေပါ့မယ်ဆိုတဲ့ကတိစကားက တည်မြဲပါ့မလားး.... ကိုယ်ကပေးဆပ်ချင်ရင်တောင် ကိုယ့်အမှားတွေကြောင့်င့်...