Part-59 (မှန်ကန်သောရွေးချယ်မှု)

439 31 8
                                    

For Unicode
မှန်ကန်သောရွေးချယ်မှု




ခက်ခဲစွာဆုံးဖြတ်ပြီးနောက် ကျွန်မရွေးချယ်ခဲ့သည်က သူရိန်ပျော်ရွှင်ဖို့အတွက်သာ ဦးတည်မိသည်။



ကျွန်မ သူရိန့်ကိုလက်လွှတ်ဖို့ ကြိုးစားလိုက်တယ်။ မချစ်လို့ စွန့်လွှတ်လိုက်တာမျိုးမဟုတ်ဘူးနော်။ ချစ်လွန်းလို့ သူပျော်ပါစေတော့ဆိုပြီး လက်လွှတ်လိုက်မျိုး။ သူ့ကိုကျွန်မ မပိုင်ဆိုင်ချင်ဘူး။ သူ.. ကျွန်မအနားရှိနေပြီး စိတ်ဆင်းရဲနေတာထက် သူ.. တခြားသူတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ ပျော်ရွှင်နေတာမျိုးကို ကြည့်နေရတာ စိတ်ချမ်းသာတယ်။ အနည်းဆုံးတော့ သူ့အပြုံးကို ကျွန်မမြင်နေရမှာပဲ‌လေ..။ ကျွန်မပြောခဲ့တယ်မဟုတ်လား..။ ကျွန်မအချစ်က သူ့ကိုပျော်စေချင်တာပါလို့..။



ထိုသို့သောအတွေးစတို့နှင့် သဉ္ဇာထက်သည် ဖုန်းကိုသာကြည့်နေမိသည်။ ဖုန်း screenထက်တွင်ပေါ်နေသည်က နေသူရိန်နှင့်လမင်းကိုကို၏ စုံတွဲပုံလေးသာ။ ထိုပုံလေးအား မျက်ရည်များနှင့် ပြုံးလျက်ကြည့်နေသော သဉ္ဇာထက်သည် ဆုံးဖြတ်ချက်တို့ ခိုင်မာလေပြီ။ သူသည် ခိုင်မာလှသော ဆုံးဖြတ်ချက်တို့ဖြင့် နေသူရိန်ထံသို့ဖုန်းခေါ်လိုက်သည်။



" ဟဲလို.. သူရိန်.. ငါ.. နင့်ကို ပြောစရာရှိတယ် "



" အင်း.. ပြောလေ "



" နင်.. အခုတစ်လော လမင်းကိုကို ကိုတစ်ယောက်တည်း အပြင်မလွှတ်ရင်ကောင်းမယ် "



" ဟမ်.. "



" ဖြစ်နိုင်ရင်.. လမင်းကိုကိုရဲ့အနားမှာ နင်အမြဲ‌တမ်းရှိဖို့ လိုအပ်တယ် "



" ဘာဖြစ်လို့လဲ ဇာဇာ "



" ကိုတေဇက လမင်းကိုကိုကိုကားတင်ပြေးဖို့ စီစဉ်နေတာ ငါကြားလိုက်တယ် "



" နင့်အစ်ကိုက ဘာတွေအရူးထနေတာလဲ "



" လမင်းကိုကိုကိုချစ်တော့လည်း လုပ်မိလုပ်ရာတွေ လုပ်နေတာနေမှာပါ..။ နင်နဲ့သူ့ကို ထိပ်တိုက်ရင်မဆိုင်စေချင်ဘူး..။ နင်တို့နှစ်ယောက်က သူ့ကိုတတ်နိုင်သလောက် ရှောင်နေပါ။ နောက်ပြီး လမင်းကိုကို ကိုစောင့်ရှောက်ပါ "

Amiss Prayer (Zawgyi&Unicode) [Completed]Donde viven las historias. Descúbrelo ahora