Chapter(19)

10.4K 1.7K 60
                                    

Unicode

********

"ဒီနှစ်မိုးကျစောတော့ သစ်ခွတွေက ပိုးကပ်ချင်တယ်သိလား "

ဒေါ်ခင်မင်းသွယ် က ကျပ်ညှပ်နေသည့် သစ်ခွပျိူးပင်တစ်စုကို အသာဖဲ့ခွာကာ မျိူးပွားဆေးရည်လောင်းထည့်ရင်း ဒေါ်စိန်ဘက်ကို လှည့်ပြီးပြောလိုက်သည်။

"ဟုတ်ပ မိုးဦးလေဦးစောတာတော့ကောင်းပါတယ်၊ရက်ဆက်မပြတ်ရွာနေပြန်တော့လည်း လုပ်စားကိုင်စားသမားတွေအတွက် အဆင်မပြေဘူး မမကြီးရယ် "

ဒေါ်စိန်က သစ်ခွတိုင်လေးတွေ ပြင်ချည်နေသည့်မှိုင်းကို ကူထိန်းပေးထားရင်း ညည်းပြောလေးပြောပါသည်။

"မှိုင်းရေ....အဲဒါလေးပြီးရင် မှိုဆေးနဲ့အမြစ်သန်ဆေးကို အောက်ခြေတွေပါ လိုက်ပြီး ထည့်ပေး
လိုက်နော်၊သားလည်း အန်တီတို့ကို ကူရတာနဲ့ စာကျက်ပျက်နေပြီ"

"ရပါတယ် အန်တီ၊မှိုင်းက တချိန်လုံးစာလုပ်နေရတော့ လူကညောင်းချိနေတာ၊ခုကျ လှုပ်လှုပ်ရှားရှားဆိုတော့ ချွေးထွက်ပြီး နေရတာလန်းသွားရော "

ဒေါ်ခင်မင်းသွယ် ရဲ့ အားတုံ့အားနာ ပြောလိုက်တာကို မှိုင်းကဖြူစင်သောအပြုံးလေးဖြင့်သာ တုံ့ပြန်ပါသည်။

တကယ်လည်း တချိန်လုံးစာထိုင်လုပ်နေရတော့ မှိုင်းပျင်းနေတာအမှန်ပါ။ကျောင်းမှာလည်းကျောင်းမှာမို့ မှိုင်းကအားချိန်တွေဆို စာလုပ်နေတာသာများသည်။

ကျောင်းကပြန်လာရင်လည်း အိမ်မှာ ကြီးစိန်နားကို ဝင်ရှုပ်ကာတောက်တိုမယ်ရလေးတွေနည်းနည်းလုပ်ပြီးရင်ကျန်တာ မှိုင်းလုပ်စရာမရှိတော့။စာကျက်ဖို့ပဲ အန်တီက အမြဲပြောကာ အလုပ်တွေကို မခိုင်းပါ။

မနေ့က အမေ့ဆီကပြန်လာပြီး ဒီနေ့ကျောင်း
ပိတ်ရက်ကျန်သေးခိုက် အန်တီနဲ့ကြီးစိန် သစ်ခွစင်တွေပြန်ပြင်တာကိုမှိုင်းကူနေတာ ဖြစ်သည်။

ပြီးတော့ မှိုင်းမကူရင် ကြီးစိန်နဲ့အန်တီက အမြင့်ဘာညာတက်ရမယ်ဆို အဆင်မပြေတာလည်း အမှန်ပါ။ကိုကိုကြီးက အန်တီလုပ်သမျှ သူနှင့်မဆိုင်သလိုစိတ်မဝင်စားရင်လှည့်မကြည့်တတ်သူမို့ မှိုင်းအပေါ်ကျလာသည့်သည်တာဝန်ကို​ကျေကျေနပ်နပ်လုပ်ပေးဖြစ်သည်။

တိမ်ယံငွေခြည် မှိုင်းပြာရီ Tempat cerita menjadi hidup. Temukan sekarang