Chapter(12)

10.1K 1.8K 109
                                    

Unicode

*******

စိတ်ရှုပ်လိုက်တာ!

တိမ်မင်း မျက်စိရှေ့မြင်လိုက်ရသည့် မျက်ဝန်းဝိုင်းလေးတွေ၊သိသာထင်ရှားသည့် နားရွက်ဝိုင်းကားကားလေးတွေနဲ့ ဖြူဖတ်ဖြူရော် ကောင်လေးကို ကြည့်ကာစိတ်အလိုမကျ စွာ တိုးဖွဖွရေရွတ်မိသည်။

ပြောင်လက်နေအောင် တိုက်ချွတ်ထားသော
ပါကေးခင်းထားသည့် ကြမ်းပြင်ကိုမနင်းရဲနင်းရဲခြေဖျားထောက်နင်းကာ အထုပ်ဆွဲ တိတ်တဆိတ်ဝင်လာသည့် သူ့ပုံစံက မသိရင် အိမ်ရှင်မသိအောင် ဝင်လာသည့် သူခိုးတယောက်၏ ခြေလှမ်းနှင့်တောင် တူနေပါသည်။

ရေလျှော်တာများဟန် အနည်းငယ် အရောင်ပြောင်းနေပြီဖြစ်သော တီရှပ်နီညိုလေးနှင့်ပုဆိုးခပ်တိုတိုဝတ်ထားတဲ့ မျက်လုံးရှေ့က ကောင်လေးဆီမှ အကြည့်လွှဲပြီး အိမ်ရှေ့တံခါးဝဆီကို လှမ်းကြည့်လိုက်မိတဲ့ တိမ်မင်းက

"ခဏ"

သူ့ရှေ့မှာ ခေါင်းကို ကုတ်ရမလို၊အကျီပဲ ဆွဲချရမလို၊နောက်ပြန်လှည့်ရမလို၊ရှေ့ဆက်ပဲသွားရမလို
ကွတီးကွတ ကိုးရိုးကားယား ဖြစ်နေတဲ့ ကောင်လေးကို ဟန့်တားလိုက်သည်။

ဟိန်းခနဲထွက်​ပေါ်လာတဲ့ တိမ်မင်းအသံကြောင့်တဖက်က မှိုင်း ခမျာ တော့ကိုယ်လေးပင် တုန်ခနဲ ဖြစ်သွားပါသည်။

အန်တီက "လာလေ မှိုင်း အထဲဝင်ထိုင် "ပြောပြီးဘယ်ဆီဝင်ရောက်ပျောက်ကွယ်သွားမှန်းမသိလိုက်ခင်မှာပဲ မှိုင်းဝင်လာတာကို စူးစူးရဲရဲ ကြည့်နေတဲ့ အန်တီ့သား ဆိုတဲ့ အစ်ကိုကြီးက အော်ချလိုက်တော့ မှိုင်းမှာဘာလုပ် လို့ ဘာကိုင်ရမှန်းပင် မသိနိုင်အောင် ဖြစ်ရသည်။

"ဟိုဟာကို အမှိုက်ပုံးထဲ ထည့်လိုက် "

"ခင်ဗျာ "

တိမ်မင်း စကားကို သဘောမပေါက်တဲ့ မှိုင်းက အူတိအူကြောင်လေးဖြင့် သူ့နားရွက်ဝိုင်းကားကားလေးကိုမရဲတရဲ ပွတ်ကာ တိမ်မင်းမျက်နှာကို နားမလည်သလိုပြန်ကြည့်နေမိတော့

"ကျစ်....မင်း မြန်မာစကားနားမလည်ဘူးလား "

တိမ်မင်းက အိမ်တံခါးဝမှာ ချွတ်ထားခဲ့တဲ့ မှိုင်းရဲ့ ဖိနပ်လေးကို လက်ညှိုးထိုးကာ စိတ်မရှည်စွာ အော်သည်။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now