Unicode
*******
မြူးသည့်အသံမှာ ကြည်နူးမှုအရိပ်က ကပ်ပါသည်။
အခန်းလေးထဲမှာ နွေးထွေးမှုတွေ ပြည့်ကျပ်နေကာ
ချစ်ခြင်းမေတ္တာတရားက အခန်းတွင်းရှိ လူသုံးယောက်ကို အလုံးစုံအောင် ခြုံလွှမ်းစီးပိုင်နေစေ
သည်။"ဝ ပြီလား တိမ်...တော်ပြီလား၊သားစားတာနည်းနေသလိုပဲ၊စားမကောင်းလို့များလား...ဒါ တိမ့် ကြီးကြီးပွင့်က..တိမ်စားဖို့ ပြင်ပေးလိုက်တာလေ "
တိမ်မင်းကိုင်ထားတဲ့ မုန့်တီပန်းကန်ထဲကို ကြက်
သားဖတ်အချို့ ကို တူဖြင့်ညှပ်ကာထည့်ပေးရင်း ဒေါ်ခင်မင်းသွယ်က ဆိုသည်။"အာ...တော်ပြီမေမေ ထပ်မထည့်နဲ့တော့...ကျနော်တကယ်မရတော့ဘူး၊ဒါတော်တော်များများစားလိုက်တာပဲ၊မနက်ကလည်း ကော်ဖီနဲ့မုန့် သောက်ထားသေးတယ် "
သားဖြစ်သူတိမ်မင်း က အသာအယာလက်ကာငြင်းဆန်ဟန်ပြုတော့ လက်ထဲက ထပ်ထည့်ဟန်ပြင်သည့် အသားတချိူ့ ကို ချိုင့်ထဲ ပြန်ထည့်သည်။
"မှိုင်းလေးရော ထည့်စား...များများစားရင် ကိုယ်ခံအားများများတက်တယ်လေ အဖျားမြန်မြန်ပျောက်မှ ဖြစ်မယ်နောက်မို့ဆို စာတွေတော်တော်လွတ်ကုန်ရော့မယ် ကျောင်းပျက်ရက်တွေ များနေပြီ မဟုတ်လား "
မျက်နှာချင်းဆိုင်မှာ ထိုင်ရင်း ကြက်သားဆန်
ပြုတ်တစ်ချိုင့်ကို တစ်ယောက်ထဲ တလှုပ်လှုပ်စားနေသော မှိုင်းဘက်ကို ဒေါ်ခင်မင်းသွယ်က လှည့်လာပြန်သည်။မှိုင်းက ပန်းကန်လုံးထဲက နောက်ဆုံးလက်ကျန် တစ်ဇွန်းကို မော့ချလိုက်ရင်း ပန်းကန်ကို ပြန်ချလိုက်တော့အံ့သြတကြီး သူ့ကို ကြည့်နေတဲ့ တိမ်မင်းကို မြင်ရ၏။
ကိုကိုကြီးအကြည့်က "စားနိုင်လှချေလား "ဆိုတဲ့အဓိပ္ပါယ်ကို လုံးလုံးသက်ရောက်နေတာ မှိုင်းသိသည်။
"အဟဲ "
မှိုင်းက ကိုယ့်အဖြစ်ကို သတိပြုမိသွားပြီး တိမ်မင်းကို မဝံ့မရဲ ကြည့်ပြီး မျက်နှာချိုသွေးလိုက်ပါသည်။
"မှိုင်းလေးကတော့ စားနိုင်သားပဲ၊ဒါဆို မကုန်ဘဲကျန်တာတွေ မေမေသိမ်းလိုက်တော့မယ်နော် တိမ် "

ESTÁS LEYENDO
တိမ်ယံငွေခြည် မှိုင်းပြာရီ
RomanceZawgyi/Unicode ဘဝမှာ နေလာရင်း မုန်းမိတဲ့သူကိုရော ချစ်သွားနိုင်လား (တိမ်မင်း) လူတယောက် ကိုသာ မျှော်ငေးနေခြင်းကို ရှင်သန်မှုအဖြစ် မှတ်ယူနိုင်ခဲ့ဘူးသလား မှိုင်းသိတဲ့ အချစ်က အဲဒါပဲ အချစ်က မျှော်လင့်ခြင်းနဲ့ အလားသဏ္ဍာန်တူတယ် (မှိုင်းပြာမှုန်ဝေ) ****** ဘဝမ...