Chapter(52)

8.2K 1.5K 75
                                    

Unicode

******

"လှဲလိမ့်မယ်...သားရဲ့ "

"ဘူး..ဘူး "

ပါးစပ်က မပီးဝိုးတဝါးအသံလုပ်ရင်း တခစ်ခစ်ရယ်သည်။ကြည်မွေ့ဖွယ်ရာမည်းနက်စိုလဲ့နေသည့်မျက်လုံးတောက်တောက်လေးတွေက မကြင်သိန်းကို စိတ်ဝင်တစားလိုက်ကြည့်နေလေ၏။

"အကြင်သိထားဖို့က အစ်ကို့ကျေးဇူးရှင်လိုသဘောထားရတဲ့သူတွေရဲ့ သွေးသား လို့သိထားရင်ရပြီ"တဲ့လေ။ကိုဘကောင်းက ထွေထွေထူးထူးရှင်းပြခဲ့တာတော့မဟုတ်။

အကြောင်းတစ်စုံတစ်ခုကြောင့် သည်ကလေးကိုမွေးပြီးပြီးချင်းစွန့်ပစ်လိုက်သည့်အချိန်မှာကိုဘကောင်းကခေါ်ယူလာခဲ့ခြင်းဖြစ်သည်တဲ့။ပြောရာပြီး၊ထားရာနေမယားဖြစ်သူမကြင်သိန်းကတော့ ဘာမှရှည်ရှည်ဝေးဝေးတွေးနေခဲ့တာတော့မဟုတ်ခဲ့။မိန်းမပီပီတစ်ခွန်းပဲမေးမိသည်။

"အစ်ကို့အဆက်ဟောင်းရဲ့ ကလေးများလား "ဆိုပြီးပေါ့။ကိုဘကောင်းက မကြင်သိန်းရဲ့မျက်နှာကိုခပ်အမ်းအမ်းကြည့်ပြီးပြန်ပြောခဲ့သည်က "အကြင့်ကိုအစ်ကိုကတိပေးနိုင်တာက အကြင်နဲ့လက်ထပ်ပြီးချိန်ကစပြီးအစ်ကို့ဘဝမှာတခြားသူမရှိဘူးဆိုတာပဲ"တဲ့လေ။

ခုမှပေါက်ခါစသွားလေးနှစ်ချောင်းပေါ်အောင်ပြုံးကာပြနေသည့်သားလေးကိုငေးကြည့်ရင်း မကြင်သိန်းမျက်နှာကအလိုလိုပြုံးမြမြဖြစ်မိသည်။သည်ကလေးက ချစ်မွှေးပါကိုပါတာ။မျက်နှာလေးကအမြဲလိုပြုံးရွှင်ချိုမြလို့သာနေသည်။အမျိုးသမီးရောဂါတစ်ခုကြောင့်ရင်သွေးမရနိုင်သည့်ဘဝမှာဒီသားလေးကမကြင်သိန်းအတွက်ဘုရားပေးသည့်ဆုပင်။

အဝတ်ခြင်းကိုလက်လေးဖြင့်ဆုပ်ကိုင်ကာမတ်တပ်ရပ်ဖို့ကြိုးစားနေသည့်သားလေးက မကြင်သိန်းဆီလာချင်ဟန်သွားလေးတွေငုတ်တုတ်ကိုပေါ်အောင်ပြုံးကာယိုင်တိုင်တိုင်ခြေလှမ်းစဉ်မှာဘိုင်းခနဲပစ်လှဲလေ၏။

ပြုံးရာမှာငိုချလိုက်တော့မယောင်မဲ့ကာသွားသည့်မျက်နှာလေးကိုကြည့်ရင်း

"မှိုင်းလေး...မငိုနဲ့လေ...လာလာ...ဒီကိုလာ..အမေ့ဆီလာ "

လက်ခုပ်တီးကာခေါ်ငင်ဟန်ပြုတော့ခြေထောက်တုတ်တုတ်လေးတွေဖြင့်အားပြုပြီးတဖန်ပြန်ကာထရပ်သည်။မဲ့တဲ့တဲ့မှိုင်းမျက်နှာလေးက မျက်ဝန်းအိမ်မှာမျက်ရည်စတွေနှင့်စိုကပ်နေ၏။လဲရာမှကြိုးစားထပြီး ယိုင်နဲ့နဲ့ခန္ဓာကိုယ်လေးဖြင့် ကော့လန်ထိုးပြီး လှမ်းကာလာသည်။မကြင်သိန်းအနားရောက်ခါနီးဆဲဆဲရင်ခွင်ထဲကိုလှဲပြိုပစ်ဝင်လာလေ၏။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now