Chapter(16)

10.7K 1.8K 79
                                    

Unicode

******

"မှိုင်းက ဟိုမှာ အဆင်ပြေသတဲ့လား "

နွေအကုန်မိုးကူးခါနီး ရာသီဥတုက အနည်းငယ် ပူစပ်ပူလောင်ဖြစ်နေသည်။အဲယားကွန်းက ထွက်လာသည့် လေထက်သဘာဝလေသာတပ်မက်သော အညာသားပေမို့ ယပ်တောင်ကို တဖျပ်ဖျပ် ခတ်ရင်း ဦးအောင်မင်းတစ်ယောက် ရှေ့က မကြင်သိန်းကိုကြည့်ကာအမေးစကားဆိုလေ၏။

ဆင်းရဲမှုဒဏ်လောကဓံကို ခါးစည်းခံရရှာတဲ့ သနားစဖွယ် အနှီ အမျိုးသမီး ကို မြင်လေတိုင်း သွားလေရှာသည့် တပည့်ဖြစ်သူကို စိတ်အတွေးမှာ ဖျတ်ခနဲ မြင်ကာ ရင်ထဲမချိဖြစ်ရသည်။ကိုယ်တင်ပျက်စီးခံယုံမကပဲ သေပြီးသည့်နောက် ဘေးလူပါ အပူရှာပုံချထားခဲ့သော တပည့်ကို သေရွာကနိုးလို့ရလျှင်နိုးပြီး မေးပြီး ဆူပြောချင်စမ်းလှသေးသည်။

"အဆင်ပြေမှာပါ ဆရာ၊တခြားလူတွေမှမဟုတ်တာပဲ "

မကြင်သိန်းက သူ့ထုံးစံအတိုင်းလေအေးလေးဖြင့်သာဖြေသည်။နေ့လည်ခင်း ဆရာကတော် အမှာရှိလို့ လိုတာလေးတွေလာပြီး လုပ်ပေးကိုင်ပေးရင်း ဆရာ့အိမ်က ပြန်ခါနီးမှာ ဆရာကအမေးစကားဆိုတာ ဖြစ်ပါသည်။

"အေး...ညည်းဆီရော အကျိုးအကြောင်း ဘာညာလှမ်းမပြောဘူးလား မှိုင်းက "

"လိုက်သွားတာ ဘာကြာသေးလို့လဲဆရာရယ်၊သူလည်း ကျောင်းစာအတွက်ပြင်ရဆင်ရနဲ့ အားရှာမှာ မဟုတ်ပါဘူး "

ဦးအောင်မင်းက ခေါင်းတညိတ်ညိတ်နဲ့ တွေးသယောင်ငြိမ်သက်ကာသွားပါသည်။

"အေးပေါ့....အဆင်ပြေတယ်ဆိုလည်း ပြီးတာပါပဲလေ၊ကဲ...သွား...သွား ၊ရှေ့အပါတ်ထဲ ဝါးခယ်မဖက်ကို သွားရမယ်နော် "

"ဟုတ်ကဲ့...ဆရာ "

ဆည်းဆာကျနေရောင်က မှိန်ဖျဖျပေမယ့် အပူရှိန်ကတော့ အတန်အသင့်ရှိနေပေသေးသည်။အိပ်တန်းပြန်ငှက်တစ်အုပ်က ခေါင်းပေါ်မှ ဖြတ်ကာ နေရပ်ဆီသို့ အသော့နှင်ပျံသန်းသွားလေ၏။

ဟိုးနောက်ဆုံးမှာ ကျန်နေသော ငှက်ကလေးတစ်ကောင်က ရှေ့ကငှက်အုပ်နောက်ကို အမှီလိုက်ပေမယ့် ခပ်ဝေးဝေးမှာ ပြတ်ကာကျန်ထားခဲ့တာကို ကြည့်ရင်း ဒေါ်ကြင်သိန်း တစ်ယောက် သားဖြစ်
သူကို သတိရမိသည်။

တိမ်ယံငွေခြည် မှိုင်းပြာရီ Opowieści tętniące życiem. Odkryj je teraz