Chapter(48)

9.4K 1.7K 171
                                    

Unicode

*****

"ဟော...နိုးလာပြီ မောနင်း တိမ်ရေ "

တိမ်မင်း ထမင်းစားခန်းထဲလှမ်းအဝင်မှာ ဒေါ်ခင်မင်းသွယ်ရဲ့ ဆီးကြိုနှုတ်ဆက်လိုက်တဲ့ အသံလွင်လွင်လေးကထွက်လာသည်။

အန်တီ့ဆီကကိုကိုကြီးနာမည်ကြားတာနဲ့ မှိုင်းအတွက်တော့ နေစရာမရှိ။မနေ့ညက ရုတ်တရက်ကြီး ဖြစ်ပျက်ပြောင်းလဲသွားတဲ့ဖြစ်ရပ်အဆုံး ကိုကိုကြီး ဘယ်လိုနေမလဲသိချင်ပေမယ့် မျက်နှာခြင်းမဆိုင်ရဲ။မှိုင်းအနေနဲ့ဆိုသိသိသာသာနေရခက်လှသည်။

"မောနင်း မေမေ ကျနော်နောက်ကျသွားတယ် "

ဒေါ်ခင်မင်းသွယ် က သိသာလောက်အောင်ပင်ရွှင်မြူးနေတဲ့သားတော်မောင်မျက်နှာကို ချစ်စနိုးကြည့်ပြီး

"မနေ့ညက ဘယ်အချိန်မှပြန်ရောက်သလဲ တိမ်၊မေမေဆေးသောက်ပြီး အိပ်ပျော်သွားလိုက်တာ တိမ်ပြန်လာတာတောင်မသိတော့ဘူးဘဲ "

အန်တီစကားကြောင့် ကြီးစိန်ဘေးနားမှာ ဟင်းခူးပေးတာကိုရပ်စောင့်နေတဲ့မှိုင်းက ထမင်းစားပွဲမှကိုကိုကြီးမျက်နှာကို ဖျတ်ခနဲလှမ်းကြည့်မိသည်။ကိုကိုကြီးမျက်နှာက နီပြေးပြေးပြုံးယောင်ယောင်လေး။မှိုင်းဖက်ကိုမသိမသာလှမ်းကြည့်ကာ အဖြေပေးသည်က

"ကိုးနာရီလောက်ပေါ့ မေမေ၊ကျနော်အရမ်းနောက်မကျပါဘူး။အိမ်ပြန်ရောက်တာစောပါတယ် "

"သြော် "

"ရော့ မှိုင်းလေး ဒီဟင်းရည်ပန်းကန်ကို ကိုကိုကြီးရှေ့သွားချပေးလိုက် "

ကြီးစိန်က ဟင်းခူးနေရင်းမှ မှိုင်းဖက်ကို လှည့်ပြီးခိုင်းသည်။ယောင်နနနဲ့ မှိုင်းက ဆတ်ခနဲကောက်အကိုင်ရုတ်တရက်ခံစားလိုက်ရသောအပူဒဏ်ကြောင့် လက်တွေကိုရုတ်ပြီးခပ်တိုးတိုးအော်မိသည်။

ထိုအချိန်ရယ်မောလိုက်သံတိုးတိုးကတိမ်မင်းဆီက ထွက်ကျလာသည်။ဒေါ်ခင်မင်းသွယ်က အသံမထွက်ဘဲကိုယ်ကိုတလှုပ်လှုပ်ဖြင့်ရယ်မောနေသော တိမ်မင်းကို ကြည့်ပြီးအံ့သြသလိုညည်းပြောလေးပြောလေသည်။

"တိမ်ကလည်းလေ မရယ်ပါနဲ့၊ကလေးက အပူထိလို့ယောင်တာကို ထိုင်ရယ်နေစရာလား ခက်ပါတယ်၊မှိုင်းကလည်းသတိထားမှပေါ့ကွယ်၊စာမေးပွဲနီးမှ လက်တွေ အပူလောင်ကုန်ပါဦးမယ်၊မစိန်..မစိန် "

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now