Chapter(17)

9.9K 1.7K 40
                                    


Unicode

******

ဒီနေ့ဆို မှိုင်းကျောင်းတက်ရတာ တစ်လပြည့်ပြီ။

အန်တီက သွားရလာရလွယ်အောင်ဟုဆိုကာ မှိုင်းကိုကျောင်းပို့ဖို့ ဘဘဦးစိန်သောင်းကို မနက်တိုင်းလာကြိုခိုင်းလေသည်။မနက်ကိုကျောင်းသွား ညနေကျောင်းပြန်လာပြီး မှိုင်းအတွက်သီးသန့်ငှါးထားသော ဆရာမဖြင့် စာပြန်သင်ရသည်။

ကိုကိုကြီးဒေါသကို မျက်ဝါးထင်ထင်မြင်ရသည့်နေ့မှစ၍နောက်ပိုင်းကို ကိုကိုကြီးနှင့် မှိုင်း မျက်နှာခြင်းဆိုင်ရသည့်နေ့ရက်တွေမှာ ရှားလှပါသည်။

ထိုနေ့က အန်တီဘယ်လိုပြောလိုက်လဲမသိပေမယ့် အိမ်ရောက်ပြီးတော့ ဒေါသအိုးကိုကိုကြီးတစ်ယောက် ငြိမ်သက်သွားကာ မှိုင်းကို ထပ်ပြီးဘာမှ မပြောတော့။မှိုင်းအပြစ်နဲ့မှိုင်းမို့ သူဆူမယ်ဆိုရင်ဖြင့်လည်း မှိုင်းစိတ်မဆိုးနိုင်ပါ။

ဒါပေမယ့် ကိုကိုကြီးက ချိုသည်၊ခါးသည် ထပ်မပြောပဲလုံးဝကင်းပြတ်နေလိုက်သည်မှာ လူလေးသုံးယောက်တစ်ပိုင်း ရှိသည့်အိမ်မှာ တစ်ယောက်က ကိုယ့်ကို လုံးဝစိမ်းသက်ခါ စကားမပြောဘူးဆိုတော့ မှိုင်း နေရတာ စိတ်ထဲမှာ မသက်မသာဖြစ်ရသည်။

"မှိုင်း"

"မှိုင်း"

လက်ထဲမှာ ဘောပင်ကိုလှည့်နေရင်း ကြမ်းကိုစိုက်ကြည့်ပြီး စိတ်နဲ့လူနဲ့မကပ်သလိုဖြစ်နေသော မှိုင်းက ဘေးက တီချယ်တုတ် ခေါ်နေသံကို မကြား။

တိုက်တိုက်ဆိုင်ဆိုင်ပဲ အခန်းရှေ့က ဖြတ်သွားတဲ့ တိမ်မင်းမှာတော့နာမည်ခေါ်နေသံကြားပြီး ပြန်ထူးသံမကြားရတဲ့အတွက် အခန်းထဲကို မရည်ရွယ်ဘဲတချက်စောင်းငဲ့ကြည့်မိသည်။

မှိုင်းတို့ စာသင်သည့်အခန်းက ဒုတိယထပ်က မှိုင်းအခန်းမှာ ဆိုပေမယ့် ဆရာမလာလို့ စာသင်ချိန်ဆို ဒေါ်ခင်မင်းသွယ်က အခန်းတံခါးကို အဆုံးထိဆွဲဖွင့်ထားခိုင်းတာမို့ တိမ်မင်းက ကော်ဖီသွားဖျော်ကာ တက်အလာ ဘောပင်ကိုင်ပြီး ခေါင်းငုံ့ငြိမ်ထိုင်နေသည့်ကောင်လေးကို ဖွင့်ထားသော အခန်းတံခါးကနေ လှမ်းမြင်လိုက်ရပါသည်။

တိမ်ယံငွေခြည် မှိုင်းပြာရီ حيث تعيش القصص. اكتشف الآن