Unicode
*****
မြင့်မားသည့်အရပ်ဖြင့် ဆိုင်ထဲကို တလွှားလွှားဝင်
ချလာသောတိမ်မင်းကို အမြင်မှာ ကိုမော်က ဝမ်းသာအားရနှုတ်ဆက်သည်။ကိုမော်ရဲ့ ဆိုင်က တိမ်မင်းအမြဲလာနေကြဆိုင်ဖြစ်၏။ကိုမော်က ပင်မစီးပွားရေးမှာ Car sale & Service Center ဖွင့်ထားပေမယ့် ပလာဇာတွေမှာ Men's Wear ဆိုင်တွေ သုံးလေးဆိုင်ဖွင့်ထားပြီး လှည့်ပတ်ထိုင်ကာ လူငယ်တွေနဲ့ပေါင်း၊တရုံးရုံးနေတတ်သူလည်းဖြစ်သည်။တိမ်မင်းက ကိုမော့်ဝပ်ရှော့မှာ ကားထိုးရင်းနဲ့ရင်းနှီးလာတာဆိုပေမယ့် နောက်ပိုင်း အကျီ၊ဘောင်းဘီ၊ခါးပတ်၊ရေမွှေးအဆံုးလိုတဲ့တစ်ကိုယ်ရည်တိုတိုထွာထွာတွေကအစ ဒီမှာပဲအမြဲဝယ်ယူအားပေးလေ့ရှိသည်။တိမ်မင်းရဲ့ဆိုရှယ်ကကောင်းလှချေရဲ့မဟုတ်ပေမယ့် ကိုမော်က တိမ်မင်းအကြိုက်ကိုသည်းခံလိုက်လျောပြီးပေါင်းတတ်သူမို့ တိမ်မင်းနဲ့ဆိုတော်တော်ရင်းနှီးနေသူတစ်ဦးလည်းဖြစ်ပါသည်။
"ဟာ တိမ်မင်းရာ ငါ့ညီ ပျောက်လှချေလားကွာ ဆိုင်မလာတာ ကြာပြီထင်တယ် "
လက်တဖက်လှမ်းပေးကာ နှုတ်ဆက်တဲ့ ကိုမော်ရဲ့ လက်ကို ပြန်ရိုက်ကာနှုတ်ဆက်လိုက်ရင်း တိမ်မင်းက လာရင်းကိစ္စကိုသာ အရင်ပြောသည်။
"ဒီလိုပဲ အိမ်ကကောင်လေး နေမကောင်းဖြစ်လို့ ဆေးရုံတက်ရတယ်လေ ကျောင်းနဲ့ဆေးရုံ လုံးဝကိုမအားတာဒီကို မရောက်ဖြစ်တာ အတော်ကြာသွားတာကြည့် "
တိမ်မင်းစကားကြောင့် ခုမှပဲ တိမ်မင်းနောက်မှာရပ်နေတဲ့ မှိုင်းကို ကိုမော် မြင်မိသည်။
"အိမ်ကကောင်လေးဆိုတာက..."
ကိုမော်ရဲ့ စိတ်ဝင်တစားအမေးစကားကို မကြားယောင်ပြုကာ တိမ်မင်းက မှိုင်းဖက်ကို လက်လှမ်းပြရင်း
"သူ့အတွက် အဆင်ပြေမယ့် အဝတ်အစားတွေ လုပ်ပါဦး၊ခုခေတ် လူငယ်လေးတွေ ဝတ်နေကြတဲ့ ပုံစံမျိုးပေါ့ "
သူမဖြေချင်သည့်မေးခွန်းကိုဆိုရင် အစတောင်ပြန်ပြီးအရေးမလုပ်တတ်သည့် တိမ်မင်းအကျင့်ကို သိနှင့်ပြီးသားကိုမော်က ဈေးသည်ပီသစွာပဲ ဆက်မမေးတော့ပဲ အူကြောင်ကျားလေးရပ်နေတဲ့ မှိုင်းကို ခြေဆုံးခေါင်းဆုံးကြည့်ကာ

ESTÁS LEYENDO
တိမ်ယံငွေခြည် မှိုင်းပြာရီ
RomanceZawgyi/Unicode ဘဝမှာ နေလာရင်း မုန်းမိတဲ့သူကိုရော ချစ်သွားနိုင်လား (တိမ်မင်း) လူတယောက် ကိုသာ မျှော်ငေးနေခြင်းကို ရှင်သန်မှုအဖြစ် မှတ်ယူနိုင်ခဲ့ဘူးသလား မှိုင်းသိတဲ့ အချစ်က အဲဒါပဲ အချစ်က မျှော်လင့်ခြင်းနဲ့ အလားသဏ္ဍာန်တူတယ် (မှိုင်းပြာမှုန်ဝေ) ****** ဘဝမ...