Chapter(46)

9.7K 1.7K 369
                                    

Unicode

*****

"အဲဒီလောက်တောင် သဘောကျနေတာလား"

ခင်မင်းသွယ်၏အမေးကို မိန်းကလေးကခေါင်းငြိမ့်ကာဖြေသည်။

ဖူးစာကုန်းလို့ နာမည်တွင်တဲ့ ကမ်းပါးထိပ်မှာရပ်နေခဲ့သည့် ခင်မင်းသွယ်ရဲ့ ကိုယ်ပေါ် ဝတ်ဆင်ထားသော ကြည်ပြာရောင်နုနုမှာ စကြ်ာပွင့်ဖြူဖြူလေးများပါသော ချည်လုံချည်ရဲ့ အောက်နားစလေးတွေကဧရာဝတီမြစ်ထဲကတိုက်နေတဲ့လေအလျင်မှာ တဖျတ်ဖျတ်လှုပ်ခတ်နေ၏။

အချိန်ကာလအတော်ကြာပြီးမှပြန်လည်တွေ့ခွင့်ရသောမိန်းကလေးကအတန်ငယ်အရွယ်ရောက်လာခဲ့ပြီဖြစ်လေသည်။

ပြေပြစ်တဲ့မျက်နှာသွယ်လေးမှာ မှဲ့နက်လေးကခပ်မှိန်မှိန်လေး။မျက်လုံးမရီတရီလေးတွေကရွှန်းစိုလင်းလက်ကာအရင်ကနဲ့မတူထူးထူးခြားခြားတောက်ပနေသည်။မည်းနက်ထင်ရှားသည့်ဆံနွယ်ထူတွေကိုအုပ်လုံးသိမ်းထုံးဖွဲ့ထားပြီးစကားပွင့်လေးတစ်ပွင့်ကိုဦးခေါင်းထက်မှာထိုးစိုက်ထားသည်က လူကြီးသဏ္ဍာန်ဖမ်းနေသည့်အရွယ်မရောက်တရောက်မိန်းမငယ်လေးမှန်းပိုမို သိသာကာနေလေသည်။ဖူးပွင့်ကာစနှင်းဆီသွေးရောင်ပါးမို့မို့လေးတွေကတော့ဖြင့် ညနေခင်းရဲ့ ကျနေအရောင်မှာ နီမြန်းနေ၏။

"ဒီလိုဆိုရင် ဘ က မိန်းကလေးကို ချစ်ရှာပါတယ်၊ချစ်တာကို ပေါ်အောင် မပြတတ်တာဘဲ ရှိမှာပါ "

ခင်မင်းသွယ်ရဲ့ စိတ်ဝင်တစားအားပေးစကားကိုတဖက်ကပြန်လည် တုံ့ပြန်မှုက ခပ်မဆိတ်သာပင်။

"မှိုင်းပြာမှုန်ဝေ လေပြေလာ ခါခါနှင်းဖွဲ့ ရဂုံမြိုင်ယံတွင်းမှာ....ပန်းလဲစုံစီ၊ရေသီတာ ထွေပြား....

ဆံကေသိမ်းနိုင်.... နွမ်းခွေကာယိုင်
တွေးမှိုင်...မှိုင်ယောင်သား

တိမ်းပါး... ယိမ်းနွဲ့နွဲ့ စိမ်းလဲ့လဲ့.. ကမ်းနှင့်ရေဟုန်
သဲငွေခုံသောင်နုမှာ... သေချင်လို့.. လွမ်းဖွယ်စုံ

ရွှေပြည်သိင်္ဂါ...ဒါဟာစံပျော်နှုန်းတမျှ သည်နှင့်လေး
ကြာနန်းပျော်... ကိုယ်တော်မြင်လှည့်စမ်းပါလယ့်လေး "

တိမ်ယံငွေခြည် မှိုင်းပြာရီ Tempat cerita menjadi hidup. Temukan sekarang