___________
Unicode
******
"မား ဒါစားကြည့် "
သိင်္ဂီမေက ကြက်သား၊ပဲလုံးစေ့၊မုန်လာဥနီ၊အာလူး၊ကြက်သွန်မြိတ်တွေကို မရောနိစ်ထည့်ကာ လှလှပပပြင်ဆင်ထားသော Russian Salad ပန်းကန်ကို ဒေါ်ခင်မင်းသွယ် ရှေ့အသာအယာချပေးကာ ပြောသည်။ဒေါ်ခင်မင်းသွယ်ကတော့ ဒါကိုလုံးလုံးဂရုမမူမိပဲ ခုထိအူတူတူလေးဖြစ်ကာ ဘာကိုင်လို့ ဘာလုပ် ဘာစားရမှန်းမသိဖြစ်နေသည့် မှိုင်းကိုသာ နားလည်သဘောကျစွာကြည့်ရင်း စားလို့ရအောင်ပြင်ဆင်ပေးနေလေသည်။
"ဒီမှာလေ...မှိုင်း Beef စားတယ်မဟုတ်လား၊ဒါလေးကBeef ရယ် Milk ရယ် Onion နဲ့ ကြက်ဥကို ရောကြိတ်ပြီးကင်ထားတဲ့ အသားပြားလေ၊ဒီလိုလေး....အန်တီ့ကိုကြည့် ဒါမျိူးလှီးပြီး mushroom မှိုဆော့စ်လေးနဲ့ တို့စား အချိုဓာတ်လေးရတယ်မဟုတ်လား၊ဘယ်လိုနေလဲ...အရသာကို...ကြိုက်လား "
"ဟုတ်"
အန်တီထည့်ပေးလာသည့် အသားပြားကို ခက်ရင်းနဲ့ထိုးရင်း လျှာပေါ်တင်ကာ စိတ်ကျေနပ်အောင်တမြုံ့မြုံ့ဝါးပြပြီး "ကောင်းပါသည် "ဟုသာ ပြောဖြစ်သည်။
ဒါမှမဟုတ်ရင် သူမစားပဲ မှိုင်းကိုပဲ တကြည့်ကြည့် အနေမခက်အောင် စားဖို့ပြင်ပေးနေတဲ့ အန်တီကို အားနာလှသည်လေ။
"ဒါလေး ထည့်စား တိမ် "
သိင်္ဂီမေက သိသိသာသာပင် အားလုံးရှေ့မှာ တိမ်မင်းပန်းကန်ထဲကို လှီးဖြတ်ပြီးသား အသားတချို့ ထည့်ပေးလိုက်သည်။မှိုင်းကတော့ မျက်နှာချင်းဆိုင်တည့်တည့်နေရာမှာ ထိုင်နေတဲ့ ကိုကိုကြီးကြောင့် မရိပ်မိအောင်မျက်လွှာအောက်ကနေအသာလေးခိုးပြီး အကဲခတ်ရသည်။
ဂီးဂီဆိုတဲ့ အစ်မကြီးက ကိုကိုကြီးရဲ့ ချစ်သူလား....
"ဟဲ့....နင်...မှိုင်းပြာမှုန်ဝေ မဟုတ်လား "
ခပ်စူးစူးမိန်းကလေးသံကြောင့် ဒေါ်ခင်မင်းသွယ် အပါအဝင် အကုန်လုံးအသံလာရာဘက်ကို လှည့်ကြည့်မိသည်။
တဖက်ဝိုင်းမှ ခေတ်လူငယ်စတိုင်ဝတ်စားထားတဲ့ ဖြူဖြူဖွေးဖွေး မျက်ပေါက်ကျဥ်းကျဉ်းလေးနဲ့ ကောင်မလေးကဝမ်းသာအားရမှိုင်းကို လာနှုတ်ဆက်သည်။ပင်ကိုကောက်ဖြစ်ဟန်တူသောဆံပင်ကောက်ကောက်လေးများကို သေးသေး ပုစိကလစ်လေးများဖြင့် ဖြစ်သလို ဟိုတစ ဒီတစ တွယ်ချိတ်ထိုးတင်ထားပေမယ့်လည်း နုသစ်သောမျက်နာလေးက ငယ်ရိပ်သွေးဖြင့် ကြည့်ကောင်းလျက်သာတည်း။

KAMU SEDANG MEMBACA
တိမ်ယံငွေခြည် မှိုင်းပြာရီ
RomansaZawgyi/Unicode ဘဝမှာ နေလာရင်း မုန်းမိတဲ့သူကိုရော ချစ်သွားနိုင်လား (တိမ်မင်း) လူတယောက် ကိုသာ မျှော်ငေးနေခြင်းကို ရှင်သန်မှုအဖြစ် မှတ်ယူနိုင်ခဲ့ဘူးသလား မှိုင်းသိတဲ့ အချစ်က အဲဒါပဲ အချစ်က မျှော်လင့်ခြင်းနဲ့ အလားသဏ္ဍာန်တူတယ် (မှိုင်းပြာမှုန်ဝေ) ****** ဘဝမ...