Chapter(38)

9.6K 1.6K 72
                                    

Unicode

*****

ဘေးက ခုံမှာငြိမ်ငြိမ်လေးလိုက်ပါလာတဲ့ကောင်လေးကို ငဲ့ကြည့်ရင်း တိမ်မင်း တိတ်တိတ်လေးပြုံးမိသည်။တိမ်မင်းဘေးမှာထိုင်နေရတာကိုပဲ သူ့စိတ်ထဲနေရခက်ဟန်ဖြင့်ဂနာမငြိမ်ဖြစ်နေခဲ့တာ။တစ်ချက်လောက်သူငဲ့ကြည့်လိုက်မှပဲလှုပ်လှုပ်ရွရွဖြစ်
နေတာတွေတိခနဲငြိမ်ကျသွားခဲ့တာလေ။

ဒီလိုဆိုတော့ ဒီကလေးအိမ်ရောက်စတုန်းက ပလာဇာသွားသည့်အချိန်ကို ပြန်တောင်တွေးမိသည်။သည်တုန်းကလည်း ဒီကောင်လေးက တိမ်မင်းရဲ့ အကြောင်းရင်းမဲ့စွာ ထွက်နေခဲ့တဲ့ဒေါသအောက်မှာ ကြောက်လန့်နေခဲ့တဲ့ တကယ့်ယုန်မျက်မည်းလေးပါပဲလေ။

ခုတော့ သူက တိမ်မင်းဘေးနား ရောက်လာခဲ့ပြီ။ဒီလိုတစ်လှမ်းခြင်းနီးကပ်လာတဲ့ဆက်ဆံရေးတွေကို တိမ်မင်းကိုယ်တိုင်ကိုယ့်စိတ်နဲ့ကိုယ်ကြည်ကြည်ဖြူ ဖြူ ခွင့်ပေးခဲ့တာပဲမဟုတ်လား။တိမ်မင်းက ကားကိုကျင်လည်စွာမောင်းနှင်နေရင်းတွေးမိသည်။

မျက်ဝန်းထောင့်ကနေသူ့မျက်နှာကိုခိုးကြည့်လိုက်တဲ့ကောင်လေးကို ဆတ်ခနဲလှည့်ကာကြည့်ရင်း သူခိုးဖမ်းလိုက်တော့ မျက်လုံးတွေဝိုင်းခနဲဖြစ်ကာ တုန်တောင်သွားသလားလို့...အဟင်း။

လည်ချောင်းရှင်းသလို "အဟမ်း အဟင်း "တွေလုပ်ပြီး တိမ်မင်းခေါင်းကိုရှေ့တူရူသို့ပြန်လှည့်လိုက်မှပဲ ကျိတ်ကာသက်ပြင်းခိုးချလိုက်တာကို မြင်ဖြစ်အောင်မြင်လိုက်ရသေးသည်။

ဆေးရုံတက်နေစဉ်ကာလအတွင်းတစ်ခုလိုလိုက်တစ်ခုသယ်လိုက်ဖြင့်ပစ္စည်းတွေကများလာသောကြောင့်မှိုင်းဆေးရုံဆင်းရမည့်အချိန်မှာ အထုပ်အပိုးတွေကတပုံတပင်ဖြစ်နေခဲ့သည်။ဆိုတော့ တိမ်မင်းရဲ့ စီမံမှုဖြင့် မှိုင်းနဲ့ တိမ်မင်းမေမေ
ဒေါ်ခင်မင်းသွယ်က တိမ်မင်းရဲ့ ကားထဲရောက်ပြီး အထုပ်အပိုးတွေက ဦးစိန်သောင်းမောင်းမည့်ကားထဲအလိုလိုရောက်ရတော့သည်။

ဒီကြားထဲကကားတံခါးဖွင့်ပေးထားတာတောင် နောက်ခန်းကတက်ဖို့ကြိုးစားနေသောကောင်လေးကြောင့် တမင်ဖန်တီးယူထားသော မျက်နှာတည်တည်ဖြင့် အမိန့်ပေးလိုက်ရသေးသည်။မေမေကတော့ နောက်ခန်းကပဲလိုက်သည်။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now