Unicode
*****
"မှိုင်းကလေး "
"ခင်ဗျာ....ကိုကိုကြီး မှိုင်းဘာလုပ်ပေးရမလဲ "
"ကျစ်"
သူ့ဘာသာခေါ်ပြီး မှိုင်းပြန်မေးတော့လည်းစကားရယ်မဆို မကျေနပ်သလိုရှုံ့တွနေသော တိမ်မင်းကို ကြည့်ကာမှိုင်းသဘောတကျပြုံးမိပါသည်။
လာမည့်ပိတ်ရက်ကို စစ်ကိုင်းချောင်မှာ တရားအားထုတ်နေတဲ့ အမေ့ဆီသွားရင်း တလက်စထဲ မှိုင်းတို့မိသားစု အပန်းဖြေခရီးထွက်ဖို့ရှိသည်။ထုံးစံအတိုင်းပြင်ဆင်စရာတွေက ကြီးစိန်နဲ့မှိုင်းရဲ့တာဝန်သာဖြစ်၏။
ကိုကိုကြီးကတော့ ဒီလိုပဇီပဇာကိစ္စတွေကိုစိတ်မဝင်စားတာရော သူ့တာဝန်က မေမေဒေါ်ခင်မင်းသွယ်ရဲ့ နေ့စဉ်သောက်နေကြဆေးတွေကို မမေ့မလျော့ထည့်ဖို့ရယ် ဘဘဦးစိန်သောင်းနဲ့ကားကြံ့ခိုင်ရေးစစ်ပြီးလျှင် ပြီးပြီဟုယူဆကာ အိပ်ရာထဲမှာစာအုပ်တစ်အုပ်ကိုင်ကာ လှဲလျောင်းပြီး အနားယူနေလေပြီ။
မှိုင်းမှာတော့ မေမေဒေါ်ခင်မင်းသွယ်ရဲ့ ဆန္ဒအတိုင်း မဝတ်ဖြစ်သည့်အကျီတွေကိုသေချာခေါက်ပြီးတစ်ထည်ချင်း၊တစ်စုံချင်းပလတ်စတစ်အိတ်တွေထဲထည့်သွင်းရသည့်အလုပ်က မပြီးသေး။ဒီလိုမျိုး မဝတ်ဖြစ်တဲ့၊လက်ဆောင်ရတဲ့ အဝတ်အစားတွေကို မေမေက ခရီးထွက်တိုင်းသေချာထုပ်ပိုးပြီးထည့်သွားနေကြဖြစ်သည်ဟု ကြီးစိန်က တိုးတိုးကျိတ်ကျိတ် သတင်းပေးသည်။
အဝတ်အစားသာမကပဲ ဆန်တစ်ပြည်ဝင်အထုပ်၊ဆီပုလင်း၊မုန့်ထုပ်တွေကအစ ဂျပ်ဖာတွေနဲ့ထည့်ထားပြီးဖြစ်၏။လမ်းမှာတွေ့မည့် နွမ်းပါးသည့်အိမ်ထောင်စုတွေအတွက် ကြုံသလိုလှူမည့် မေမေ့ရဲ့ ကာလဒါနအလှူဖြစ်လေသည်။
မှိုင်းက အဝတ်တွေကိုတစ်ထည်ခြင်း စိတ်ရှည်လက်ရှည်ထည့်နေတာကို မအိပ်ဘဲစောင့်နေသည့်တိမ်မင်းက စိတ်မရှည်တော့သယောင် ဖတ်လက်စစာအုပ်ကိုဘေးချလိုက်ပြီး ကုတင်ပေါ်ကနေ မေးတဖက်ထောက်ကာ ခပ်စောင်းစောင်းလှဲလျောင်းရင်း မျက်နှာကိုမကျေနပ်သလိုရှုံ့ကာခုနက စကားကိုဆက်သည်။
YOU ARE READING
တိမ်ယံငွေခြည် မှိုင်းပြာရီ
RomanceZawgyi/Unicode ဘဝမှာ နေလာရင်း မုန်းမိတဲ့သူကိုရော ချစ်သွားနိုင်လား (တိမ်မင်း) လူတယောက် ကိုသာ မျှော်ငေးနေခြင်းကို ရှင်သန်မှုအဖြစ် မှတ်ယူနိုင်ခဲ့ဘူးသလား မှိုင်းသိတဲ့ အချစ်က အဲဒါပဲ အချစ်က မျှော်လင့်ခြင်းနဲ့ အလားသဏ္ဍာန်တူတယ် (မှိုင်းပြာမှုန်ဝေ) ****** ဘဝမ...