Chapter(23)

13.1K 1.8K 110
                                        


Unicode

********

"Grammar ဆိုတာက လွယ်လွယ်ပြောရရင်စာရေးနည်းတစ်မျိုးပဲ သူက Letters ဆိုတဲ့အက္ခရာတွေကိုစကားလုံးဖြစ်အောင် ပထမစုရတယ်၊အဲဒီနောက် words ဆိုတဲ့ စာလုံးတွေကို ဝါကျဖြစ်အောင်စုရတယ်၊ဒီနေရာမှာ အခြေခံအားဖြင့် ရှင်းပြရရင် sentences ဆိုတဲ့ ဝါကျဖြစ်ဖို့ ဝါဇင်္ဂရှစ်မျိူးလိုအပ်တယ် "

ဒီတပါတ် စနေက စပြီး ကိုကိုကြီးက မှိုင်းကို အင်္ဂလိပ်စာ စသင်သည်။

မနက်က မိုးလေးတဖြိုက်နှစ်ဖြိုက်ရွာထားတော့ ပတ်ဝန်းကျင်ရာသီဥတုက မှိုင်းညို့ ညို့ သာ။

နေရောင်မမြင်ရအောင် ခဲပုပ်ရောင်မိုးသားတိမ်လိပ်တွေကအလိပ်လိုက် ရွေ့လျားနေတာ မှန်နံရံကို ဖြတ်ကာ မြင်နေရသည်။ဒါပေမယ့် အခန်းထဲမှာတော့ သက်ရှိနေတစင်းက ထွန်းလင်းတောက်ပလျက်။

ဆံပင်တွေ အပေါ်ကိုလှန်တင်ဖီးသင်ထားခိုက်
ဝင်းနှစ်နေသော မဟာနဖူးမှာ ဆံမျှင် တစ်စနှစ်စက
ပြန်ကျနေသည်။မနက်ခင်းရေချိုးပြီးစ ကိုကိုကြီးဆီက လတ်ဆတ်တဲ့ မွှေးရနံ့ကို ခိုးကာရှူ ရှိုက်ရင်း လက်
ရှိအခြေအနေမှာ မှိုင်းတိတ်တိတ်လေး ပျော်နေမိသည်။

"ဝါဇင်္ဂ  ရှစ်မျိုးကို ဆက်ရှင်းမယ်၊သေချာမှတ်ထားဟုတ်ပြီလား အင်္ဂလိပ်စာမှာ ဒါတွေက တကယ့်ကို အခြေခံပဲ ဒါကိုနားလည်ရင် ဝါကျတည်ဆောက်ဖို့ မခဲယဉ်းတော့ဘူး၊Essay ရေးဖို့အတွက်လည်းလွယ်သွားသလို၊Grammar ပိုင်း ဆိုင်ရာ Test တွေမှာလည်း အမှတ်သယ်သွားလို့ရတယ် "

"ဟုတ်ကဲ့ ကိုကိုကြီး "

မှိုင်းတို့ စာသင်တဲ့နေရာက တိမ်မင်းအခန်းထဲမှာ။မှိုင်းအခန်းကို ကျယ်လှပြီအောက်မေ့နေတာ တိမ်မင်းအခန်းက ထင်တာထက်ပိုကျယ်လေသည်။

တဖက်ခြမ်းက အနည်းငယ် ကျယ်ပြောတဲ့ Bed room ကို Wardrobe တခုနဲ့ ခြားထားသည်။

အဆိုပါ Wardrobe ရဲ့ အခြားတဖက်မှာတော့
တိမ်မင်းရဲ့ အဝတ်စားခန်းက သန့်ရှင်းသပ်ရပ်စွာ၊Dressing Area က ကိုယ်လုံးပေါ် မှန်အကြီးကြီးတစ်ချပ်ကို ထောင်ထားလိုက်တာနဲ့ ပြီးပြည့်စုံပြီ။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now