Chapter(25)

10.5K 1.6K 96
                                    


Unicode

******

"ရှေ့အပတ်ထဲ မမကြီးလာဖြစ်မယ် ခင်မင်းရေ "

ဆိုသည့်စကားတစ်ခွန်းဖြင့် ဒီရက်ပိုင်းတွေ ဒေါ်ခင်မင်းသွယ် တို့ အိမ်မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ရပြီ။

"မစိန်ရေ ဒီရက်ထဲ ငါးရံ့ အူကောင်းတာလေးတွေ့ရင် ဝယ်လာပေးနော်၊မမပွင့်က ငါးရံ့အူကို မန်ကျည်းမှည့်အနှစ်လေးနဲ့အုပ်ပြီးချက်ရင် အရမ်းကြိုက်တာ"

"တိမ်ရေ လာမယ့်စနေနေ့အားအောင်လုပ်ထားနော် ကြီးကြီးပွင့်ကို ဘုရားလိုက်ပို့ရအောင် မေမေသားကိုကြိုပြောထားတာနော် "

"မေမေ ဒီစကားပြောတာ ခုရောဆို သုံးခါမကတော့ဘူး "

သိသိသာသာပျော်ရွှင်နေသော မိခင်ဖြစ်သူကို တိမ်မင်းက ချစ်စနိုးဖြင့် တမင်စူပုပ်ပုပ်ဟန် စမသေးသည်။ကြီးကြီးပွင့်လို့ခေါ်တဲ့ ဒေါ်စိန်ပွင့်ကို တိမ်မင်းငယ်ငယ်က နှစ်ခါ သုံးခါလား မြင်ဖူးတာပဲ ရှိပြီး နောက်ပိုင်းနှစ်တွေမှာ မတွေ့ရတာတော်တော်ကြာပြီ။မေမေနဲ့တော့ အမြဲတစေ အဆက်အသွယ်ရှိကြပေမယ့် တိမ်မင်းနဲ့တော့ သိပ်ပြီးထွေထွေထူးထူးမပြောဖြစ်ပါချေ။

ပုံမှန်ဆိုအလုပ်တွေပိနေပြီးလူခွဲမရှိတာကြောင့် လာခဲသည့် ကြီးပွင့်က ခုတော့ လာလည်မယ်ဆိုပါ့လား။နည်းနည်းထူးဆန်းသလို ရှိပေမယ့် သူလာလည်မှာကို မေမေကတော့ တကယ့်ကို ပျော်နေတာပင်။မေမေပျော်သည်ဆိုတော့ တိမ်မင်းလည်း စိတ်ချမ်းသာပါသည်။

ဒါကြောင့် ဒီရက်ပိုင်း တိမ်မင်းအထင် ရာသီဥတုက
တောင် ပိုသာယာနေသလိုပဲ။

ဒီနေ့လည်း နေသာသည်။

ထုံးစံအတိုင်းမနက်ပိုင်းကျောင်းသွားရအောင် ပြင်ဆင်တာ ပြီးသွားပြီဖြစ်တဲ့ တိမ်မင်းက အ
ပေါ်ထပ်လှေကားမှ ဆင်းဖို့အလာ ဘေးအခန်းမှ တံခါးက ချပ်ခနဲ ပွင့်လာသည်။

မှိုင်းအခန်းထဲက အမြန် ပြန်ထွက်လာတဲ့ ဒေါ်ခင်မင်းသွယ် ကြောင့် တိမ်မင်း စိတ်ထဲကနေ ဘာပါလိမ့်တွေးမိပါသည်။ပုံမှန်ဆို မေမေက သားဖြစ်သူတိမ်မင်း အခန်းကိုတောင် အကြောင်းမရှိရင် ဝင်ထွက်တာမျိူးမလုပ်ဖြစ်အောင်စောင့်ထိန်းသူဖြစ်သည်။သိသိသာသာ မျက်နှာ ပျက်နေသော မိခင်ဖြစ်သူကို တိမ်မင်းမေးမိသည်။

တိမ်ယံငွေခြည် မှိုင်းပြာရီ Onde histórias criam vida. Descubra agora