Chapter(57)

8.8K 1.4K 76
                                    


Unicode

******

တီ...တီ...တီ

တိမ်မင်း မေမေ့ကို ဆေးတိုက်နေတုန်းအခိုက်မှာပဲ အားသွင်းထားတဲ့ဖုန်းကရုတ်တရက်ထမြည်သည်။

"မေမေ ခဏနော် "

မေမေ့နှုတ်ခမ်းထောင့်ကိုတစ်ရှူးလေးဖြင့်ဖွဖွသုတ်ပေးရင်းခွင့်တောင်းလိုက်သည်။မေမေ့အခြေအနေကအရင်ကထက်စာရင်အများကြီးသက်သာလာပြီဆိုရပေမယ့်စိတ်အဆောက်အဦကပြိုလဲတော့လူကခံနိုင်ရည်နည်းလာသလိုဖြစ်လာသည်။သွေးတိုး၊နှလုံးအခံပါရှိနေလေရော့ကလေးတစ်ယောက်ကိုဂရုစိုက်သလိုမေမေ့ကိုသေချာစောင့်ရှောက်ရသည်။

"ဟဲလို ကိုမော် ပြောဗျာ "

"တိမ်မင်းရေ အားရောအားသလား ငါ့ညီ၊ဖုန်းပြောလို့ရလား "

"ဒီနေ့ ဆန်းဒေးလေဗျာ ကိုမော်ရ၊ကျောင်းမသွားရဘူး"

"သြော် တခြားမဟုတ်ပါဘူးကွာ၊မင်းအရင်တစ်ခါက ကိုယ့်ကိုပြောဘူးသလားလို့။"....."လမ်းက ခြံနဲ့တိုက်ရှိတယ်ဆိုတာလေ။လက်ရှိအိမ်ငှါးတင်ထားတာရှိသေးလား။ဒါမှမဟုတ် တခြား ခြံနဲ့တိုက်ထဲကလွတ်နေတာရှိသေးရင်လည်း လိပ်စာလေးတွေရယ်၊အလွတ်ရှိမရှိ အစ်ကို့ကိုပြောပေးပါဦး။"

"ဟုတ် ကိုမော် ပြော ဘာလဲ အိမ်ငှါးချင်လို့လား "

"အေးကွ သံရုံးကတစ်ယောက်ကအိမ်ရှာခိုင်းနေလို့ကွာ၊ငှါးမှာပေါ့ နှစ်ချုပ်နဲ့။တကယ်ကငှါးမယ့်လူနဲ့ကိုယ်နဲ့သိလို့မဟုတ်ဘူး။ကြားကရှာပေးတဲ့လူနဲ့ ကိုယ်ကရင်းနှီးတာ။အဲဒါလေကိုယ့်အသိက သိတာရှိရင်ကူညီပေးပါဦး လာပြောလို့။ပြီးတော့ကိုယ်ကလည်း မောင်ရင်တစ်ခါပြောဖူးတာ မှတ်မိနေတာကွာ။အသိတစ်ယောက်ရဲ့တိုက်တွေတော့ရှိတယ်ဆိုပြီး မေးကြည့်ပေးမယ်ပြောလိုက်မိတာ "

ကိုမော်က အားတုံ့အားနာပြောသည်။ဟုတ်တော့လည်းဟုတ်သည်။တိမ်မင်းတို့အနေအထားက လက်ညိူးထိုးမလွဲပိုင်ဆိုင်မှုတွေအမြောက်အများမို့ အိမ်ငှါးထားလိုက်လို့ပိုက်ဆံဝင်တာထက်၊တိုက်တစ်လုံးပိတ်ထားရလည်းဘာမှမဖြစ်တာ သိနေသည်။

ဒါကြောင့်မေးသာမေးရ ခပ်ဆဆရယ်သာ။ဒါပေမယ့် ခုလိုရင်းနှီးသူကစကားဆိုလာတော့လည်း နီးစပ်ရာရမ်းပြီးမေးတာတော့မေးကြည့်မိတာပင်။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now