Chapter(36)

9.7K 1.6K 191
                                    

Unicode

*******

မိုးစက်တို့က အရှိန်အဟုန်ဖြင့်ရွာချနေရာက သိသိသာသာရပ်တန့်ကာ ငြိမ်သက်သွားခဲ့ပြီ။

ထို့အတူမှိုင်းနှင့်ကိုကိုကြီးကြား အေးစက်စက်လေထုကလည္းသိသိသာသာပြိုကွဲလာခဲ့သည်။

ညတွေဆို မှိုင်းကို စောင့်အိပ်ရင်းထွေထွေထူးထူးမဆိုပဲစာဖတ်နေတတ်လေ့ရှိတဲ့ ကိုကိုကြီးက ဒီနေ့အဖို့ စိတ်လိုလက်ရ ရှိနေတဲ့ပုံဖြင့် မှိုင်း အကြောင်းကို မသိမသာလေး မေးမြန်းလေသည်။

"ဒါဆို မင်း အသက်ငယ်ငယ်လေးထဲက ဇာတ်ထဲမှာကြီးလာတာပေါ့ "

"ဟုတ်...အဲဒီလိုပြောရမယ်ထင်တယ်၊မှိုင်းသိတတ်တဲ့အချိန်ကတည်းက အဖေတို့က ပွဲနောက်လိုက်နေတော့လေ "

"မင်း ဇာတ်ထဲမှာ အဲဒီလိုလိုက်သွားတော့ဘာလုပ်ရသလဲ "

တိမ်မင်းက တကယ်သိချင်နေသလို နားမလည်ဟန်ဖြင့်မေးမိသည်။အမှနိတကယ်လည်း သူနားမလည်ပါ။ခုဆယ်ကျော်သက်ရွယ်ကို ရောက်နေတာတောင် သိပ်ပြီးမထွားကျိုင်းလာတဲ့ကောင်လေးက ဘာအလုပ်တွေလုပ်နိုင်မှာမို့တဲ့လဲ...။

"ဟို...တောက်တိုမယ်ရလေးတွေ ပေါ့ ကိုကိုကြီး "

"မင်းပြောတဲ့ တောက်တိုမယ်ရဆိုတာက "

ကုတင်ဘေးနားကို ခုံတစ်လုံးဆွဲထိုင်ကာ ပန်းသီးသုံးလုံးခန့်ကို ခေါင်းငုံ့ပြီး ကျွမ်းကျင်စွာ ခွဲစိတ်နေရင်း စိတ်ပါဝင်စားစကားထောက်ပေးနေတဲ့ တိမ်မင်းကို မှိုင်း ကြည့်ကောင်းကောင်းနဲ့ ငေးကြည့်နေမိသည်။မှိုင်းဆီက အဖြေပြန်မလာတော့ စိတ်မရှည်သလိုမော့ကြည့်လာသည့်မျက်ဝန်းတွေကို မြင်မှ မြန်မြန်ပြန်ဖြေရ၏။

"အစုံပဲ...။မှိုင်းတို့ဇာတ်ထဲမှာ ခေါင်းဆောင်မင်းသားရယ်၊နောက်လိုက်နှစ်ယောက်ရယ် ရှိတယ်လေ၊အဓိကမှိုင်းကခေါင်းဆောင်မင်းသားရဲ့ဝေယျာဝစ္စလေးတွေလုပ်ရတာ များတယ်ဗျ၊

သူခိုင်းတဲ့ဟို...အဝတ်ခေါက်တာတို့၊ပွဲခွင်နဲ့ကိုက်တဲ့အကျီထုတ်ပေးတာ၊နောက်ပြီးတော့တခြားအလုပ်က ဘဘခိုင်းတဲ့ ဟိုပြေးဒီပြေးလုပ်စရာလေးတွေ လုပ်ရတယ်။စက်အဖွဲ့က ပစ္စည်းသယ်စရာရှိတာတွေကူသယ်ပေးရတယ်။ကားပေါ်ပစ္စည်းတင်တာတွေ၊ချတာတွေရော အကုန်ကူရတာပေါ့ ကိုကိုကြီးရဲ့၊အတည်တကျအလုပ်ရယ်တော့ မဟုတ်ဘူးပေါ့...

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now