Unicode
******
ကားရပ်ရန်နေရာမှာ ကားကိုစက်သပ်ပြီး ဆင်းလိုက်တော့ ဟိုတယ်ဝင်းထဲကဝန်ထမ်းကောင်လေးက ခေါင်းညွှတ်ကာအနားကိုကပ်ပြီး တိမ်မင်းထုတ်ပြသည့်ဖိတ်စာကို ယူကြည့်နေစဉ်မှာပဲတိမ်မင်းလက်ထဲကဖုန်းကမြည်လာသည်။ခေါ်ဆိုသူကို ကြည့်လိုက်တော့ သိင်္ဂီမေ။
"တိမ် ရောက်ပြီလား "
"အင်း ဂီးဂီ ရောက်ပြီ၊ကိုယ် ခဏပဲနေပြီးပြန်မှာနော် "
"အင်းပါ ဂီးဂီ ကိတ်ခွဲပြီးရင် တိမ်ပြန်လို့ရတယ်လေ၊မလာမှာ စိတ်ပူနေတာ ဂီးက၊ခု တိမ်ရောက်ပြီဆိုတော့ စိတ်အေးသွားပြီ၊ဒါဆို ခဏနေရင်တွေ့မယ်နော် "
သိင်္ဂီမေရဲ့ မွေးနေ့ပါတီက နာမည်ကြီးဟိုတယ်တစ်ခုရဲ့ မြက်ခင်းပြင်မှာဖြစ်၏။
အနုပညာအသိုင်းအဝိုင်းကတက်သစ်စမော်ဒယ်တွေရောနာမည်အသင့်အတင့်ရသရုပ်ဆောင်တွေဖြင့်ပါစည်ကားသိုက်မြိုက်လှ၏။သတင်းရယူရန်ရောက်နေသောမီဒီယာတစ်ချို့ကိုလည်းကြိုကြားတွေ့ရသည်။
ဧည့်ကြိုအဖြစ်တာဝန်ယူထားသူကောင်လေးက လူတွေကြားဖြတ်သန်းပြီးတိမ်မင်းကိုခေါ်ငင်ကာထိပ်ဆုံးဝိုင်းမှာနေရာချပေးသည်။ပျားပန်းခတ်မျှရှုပ်ထွေးနေသည့် ပတ်ဝန်းကျင်ကိုကြည့်ရင်း တိမ်မင်းစိတ်တွေနောက်ကျိလာလေသည်။
တကယ်ဆို ဖြစ်နိုင်ရင် သူလုံးလုံးမလာချင်ပေမယ့်ပြောပြီးလက်စပေးထားတဲ့ကတိကိုလည်းမဖျက်ချင်တာရော၊သိင်္ဂီမေရဲ့ တတွတ်တွတ်ဖိတ်ခေါ်နေတဲ့အဆုံးနားငြီးမခံနိုင်တာရောကြောင့် ရောက်လာမိတာဖြစ်သည်။ဒီရောက်တော့ထင်ထားတာထက်လူကပိုများနေတာကိုတွေ့ရမှစိတ်တွေကျဉ်းကျပ်လာ၏။လာလက်စနှင့်ခဏထိုင်ပြီးခပ်မြန်မြန်ပြန်ဖို့ပဲစိတ်ကူးသည်။ဒါပေမယ့်တစ်ခုဆိုးတာက ခုထိမွေးနေ့ရှင်နှင့်မတွေ့ရသေးတာပင်။
"ကိုတိမ် ကိုတိမ် မဟုတ်လား...ဟာ မတွေ့ရတာဘယ်လောက်ကြာနေပြီလဲ "
ချပေးထားသည့် နေရာမှာပဲတစ်ယောက်ထဲထိုင်ကာ ဝိုင်ခွက်ကို ကိုင်ပြီးဟိုဒီငေးကြည့်နေဆဲတိမ်မင်းနားမှာ အလန့်တကြားထအော်သံကြောင့်အကြည့်ကိုပို့မိတော့...
![](https://img.wattpad.com/cover/224235490-288-k777645.jpg)
CITEȘTI
တိမ်ယံငွေခြည် မှိုင်းပြာရီ
DragosteZawgyi/Unicode ဘဝမှာ နေလာရင်း မုန်းမိတဲ့သူကိုရော ချစ်သွားနိုင်လား (တိမ်မင်း) လူတယောက် ကိုသာ မျှော်ငေးနေခြင်းကို ရှင်သန်မှုအဖြစ် မှတ်ယူနိုင်ခဲ့ဘူးသလား မှိုင်းသိတဲ့ အချစ်က အဲဒါပဲ အချစ်က မျှော်လင့်ခြင်းနဲ့ အလားသဏ္ဍာန်တူတယ် (မှိုင်းပြာမှုန်ဝေ) ****** ဘဝမ...