Chapter(39)

8.6K 1.6K 188
                                    

Unicode

*****

ငွေမှုန်ခပ်ငယ်ငယ်မှာ အမ (အမေ)ဆုံးသည်။

ရေးရေးချားချားမမှတ်မိခဲ့ပေမယ့် ထိုနေ့က အဘရဲ့ ကြောက်စရာကောင်းတဲ့မျက်နှာနှင့်တောက်ခေါက်သံခပ်ကျယ်ကျယ်ကိုမေ့မရနိုင်ခဲ့။

"မိုက်လိုက်တဲ့ မိန်းမ"ဆိုသည့်စကားတခွန်းနှင့်မေးကြောကြီးတွေထောင်နေအောင်အံကြိတ်ထားသောအဘက ငွေမှုန့်ကိုစူးစူးနစ်နစ်စိုက်ကြည့်ကာမျက်ရည်ရစ်ဝဲနေခဲ့တာကိုမှတ်မိနေခဲ့လေသည်။

ရေနံတွင်းအမြောက်အများကိုပိုင်ဆိုင်သောအဘနှင့်အမဆီကကျန်ရစ်သောအတွင်းပစ္စည်းအများအပြားကငွေ့မှုန့်ရဲ့ရှေ့ခရီးအတွက်တော့ဖြင့်စိတ်ပူစရာအနည်းငယ်မျှမရှိခဲ့ပေ။

ကာယိယအတွက်မကျပ်တည်းပေမယ့်စိတ်ပိုင်းဆိုင်ရာအရတော့လွတ်လပ်မှုဆိုတာဆိတ်သုဉ်းခဲ့သည်။ထိုအချိန်မှအစ​ပြု၍အမနှင့်ပတ်သက်ပြီးရခဲ့သည့်စိတ်ဒဏ်ရာက ငွေမှုန့်အပေါ်မှာထားသည့်အဘရဲ့အချစ်တွေကိုအေးစက်တင်းမာသောစိတ်
မျက်နှာပြင်အောက်မှာအေးခဲနေစေခဲ့သည်။

ငွေမှုန့် အနေအထိုင်၊အပြုအမူ တစ်ခုခုမှာ အပြစ်မကင်းဖွယ်စိတ်အနှောက်အယှက်ဖြစ်ရသည်ဟု ဘ ထင်သောအချိန်မျိုးမှာ ခြေသလုံးပေါ်အထပ်ထပ်ကျရောက်လာတတ်သောဘရဲ့ကြိမ်ဒဏ်ကို ငွေမှုန်မငိုဘဲအံကြိတ်ခံတတ်ခဲ့သည်။

ဘ ပြင်းပြင်းထန်ထန်ဒေါသထွက်သည့်အခါ
အမှောင်ကြီးစိုးသောအခန်းငယ်ထဲထည့်ပိတ်ခံရချိန်များတွင်မျက်ရည်တွေစီးကျနေပေမယ့်လည်းအော်ငိုရင်အပိုပဲဆိုသည့်အတွေးက ငွေမှုန့်ကိုအမှောင်နှင့်တဖြည်းဖြည်းကျင့်သားရစေခဲ့ပြီ။

သို့ပေမယ့်...

စည်းကမ်းကြီးသောအဘရဲ့ မြောက်များစွာသောစည်းမျဉ်းတွေကြားအသက်ရှူမရအောင်မွန်းကျပ်နေခဲ့သောငွေမှုန့်ဘဝထဲကို အလင်းတန်းတစ်ခုလိုလူတစ်​ယောက်က မထင်မှတ်သည့်အချိန်မှာပဲ ထွန်းလင်းဝင်ရောက်လာခဲ့လေသည်။

တခုသော ညနေရီမှာအိမ်ဝင်းထဲချွတ်နင်းဝင်လာတဲ့ ငွေမှုန်ကို ခပ်တည်တည်ထိုင်ကြည့်နေခဲ့သောလူစိမ်းတဦးကိုရုတ်တရက်ဆုံခဲ့ရ၏။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now