Chapter(20)

11.2K 1.7K 80
                                    


Unicode

******

"မေမေက ဘာဖြစ်တာလဲ မကေ "

"နည်းနည်းလန့်သွားလို့လည်း ပါပါတယ်၊သိပ်ပြီးစိုးရိပ်စရာမရှိပါဘူး၊စိတ်ချချင်ရင်တော့ တိမ်မင်းရော အန်တီပါ အားတဲ့တရက်လောက် ဆေးရုံကိုလာပြီး check up လုပ်ကြည့်ထားလိုက်လေ ဟုတ်ပြီလား "

ဒေါက်တာကေ လို့ တိမ်မင်းတို့က ရင်းနှီးစွာ ခေါ်နေကြ မိသားစုဆရာဝန် မကေသွယ်က နားကျပ်ကို ချွတ်ရင်းပြောသည်။မှိုင်းခြေထောက်က ထောက်လို့ရသွားပေမယ့် ဒီနေ့အဖို့တော့ ဒေါက်တာကေ ကို မခေါ်မဖြစ်ခေါ်လိုက်ရသေးသည်။

မှိုင်း ချော်လဲပီး ခဏအကြာမှာ ရင်တွေတုန်ကာ မောလာသော ဒေါ်ခင်မင်းသွယ် ကြောင့် ဖြစ်၏။အိပ်ရာပေါ်မှာ ခပ်လျောလျောမှီတွယ်နေသော ဒေါ်ခင်မင်းသွယ် မျက်နှာက အနည်းငယ် ညိူးပေမယ့်လည်း ကြည်လင်နေလေသည်။

"ဒီတိုင်းဆို ညနေပိုင်း ဂီးဂီနဲ့ချိန်းထားတာဖျက်လိုက်ရမလား မေမေ၊နေမကောင်းရင် မသွားနဲ့တော့၊ကျနော်ပြောလိုက်မယ် "

ဒေါက်တာကေ ကို အပြင်လိုက်ပို့ပြီးပြန်ဝင်လာသော တိမ်မင်းက ကုတင်ဘေးမှာ တလွှဲဝင်ထိုင်ရင်း မိခင်ဖြစ်သူကို စိတ်ပူသလိုပြောသည်။

"ရပါတယ်...တိမ်ရယ်၊ခုနက မေမေနည်းနည်းစိုးရိမ်သွားပြီးလန့်တာရော ပါလို့ပါ၊ခုကောင်းသွားပြီ၊ချိန်းထားတာက ညနေမှဆိုတော့ အချိန်ရှိပါသေးတယ်၊တိမ်အဆင်ပြေရင်တော့ ညနေ မေမေ့ကို ကားလိုက်မောင်းပေးပါလား "

"ဂီးဂီကို အိမ်ကိုလာခေါ်ခိုင်းလိုက်ပါလား မေမေရဲ့ "

တိမ်မင်းရဲ့ ပေါ့တန်တန်အပြောကို ဒေါ်ခင်မင်းသွယ် က မကြိုက်သလို မျက်ခုံးရှူံ့ ရင်း အရိပ်သုံးပါးနားမလည်သည့်သားဖြစ်သူကို စိတ်ညစ်သွားသလိုကြည့်မိသည်။

ဘယ်နှယ့်....မိန်းကလေးတစ်ယောက် နဲ့ တွဲသွားတွဲလာလုပ်တယ်ဆိုတာ ငါက ယောကျာ်းလေးပဲ၊ဘာမှမဖြစ်ဘူးဆိုတာ ဒီခေတ်ကြီးမှာ မရှိတော့၊ယောကျာ်းလေးလည်းအန္တာရာယ်များတာပဲ။

ပြီးတော့ တိမ်မင်းလိုလူမျိုးကသိင်္ဂီမေလို မိန်းကလေးမျိုးမို့ ပိုပြီးတောင် အလေးအနက်ထားရမည့်ကိစ္စ။

တိမ်ယံငွေခြည် မှိုင်းပြာရီ Wo Geschichten leben. Entdecke jetzt