Chapter(53)

8.2K 1.5K 114
                                    

Unicode

*****

"ဒီအရွယ်တောင် ရောက်နေပြီပေါ့ "

ငွေမှုန့်ကိုခြေဆုံးခေါင်းဆုံးကြည့်ရင်းသဘောကျနေသလိုပြောသည်။နေရာကထကာထွက်သွားဖို့ပြင်ပေမယ့်ဘာကြောင့်ရယ်မသိခြေထောက်တွေမှာအားမရှိ။ကြောက်ရွံမှုကြောင့်တုန်ရီကာနေသည်။

"လာပါဦး "

ဇရာရဲ့အရိပ်အယောင်တချို့က မျက်ဝန်းထောင့်မှာအခြေတည်သည်။အသက်ကြီးလာပေမယ့်လည်းအရင်လိုပဲ စိတ်နောက်ကိုယ်ပါ ပြုမူနေဆဲ။စွေ့ခနဲလက်ကပွေ့ဖက်လိုက်တာကို ရုန်းကန်ရင်း ချွေးတွေပျံလာသည်။

ဟင့်အင်း။ဒါမျိုးဖြစ်လို့မရဘူး။

အသံတိတ်ကျိတ်ပြီးရုန်းကန်နေဆဲ ခပ်ဝေးဝေးအိမ်မကြီးပေါ်ကအဘရဲ့ချောင်းဟန့်သံကြားရခိုက် ရစ်ပတ်ဖက်တွယ်ထားတဲ့လက်တွေကအနည်းငယ်မျှပြေလျော့သွားပြီးအပြင်ကအသံကိုနားစွင့်နေသယောင်။

ပါးစောင်ကိုကြမ်းတမ်းစွာဆုပ်ညှစ်ခံထားရသည့်အတွက်အသံသေးသေးလေးမျှပင်မထွက်နိုင်။အသက်ကိုလုရှူရင်းဒီနေရာကနေဘယ်ကိုထွက်ပြေးနိုင်မလဲငွေမှုန်စဉ်းစားသည်။ရောက်ရှိနေသည့်ထင်းလှောင်တိုက်ရုံထဲမှာအလင်းရောင်အားနည်းပြီးအမှောင်ရိပ်ဖျဖျကသာကြီးစိုးနေလေ၏။

ဒီလိုပြုမူဖို့အတွက် ဘယ်အချိန်ကတည်းကချောင်းနေသည်မသိခဲ့။အိမ်ဝိုင်း၏အနောက်ဖက်ထောင့်စွန်းမှာတည်ရှိသောဒီအဆောက်အဦလေးကိုထွက်လာခဲ့ချိန်တိတ်တဆိတ်နောက်ကလိုက်ဝင်လာတာပဲဖြစ်ရမည်။

တစ်စုံတယောက်ကိုသတိရစိတ်ဖြင့်ချန်ထားခဲ့သည့်အမှတ်တရတွေကိုအလွမ်းပြေလာကြည့်ဖို့စိတ်ကူးမိခြင်းကငွေမှုန်ကံဆိုးမိုးမှောင်ကျဖို့အတွက်ဖြစ်လာခဲ့မည်ဟုလုံးလုံးမထင်ခဲ့မိတာလေ။

ဝင်ပေါက်ကိုပိတ်ဆို့ထားသည့်သူကြောင့်အလိုရှိသလိုထွက်မရ။အတင်းတိုးထွက်ဖို့ကြိုးစားခိုက်ငွေမှုန့်လက်မောင်းတွေကိုပြုတ်တူကဲ့သို့သန်မာသည့်လက်ချောင်းတွေဖြင့်ဆုပ်ညှစ်ပြီးအတွင်းကိုဆွဲခေါ်သည်။နာကျင်မှုကြောင့်မျက်ရည်တွေစီးကျလာပေမယ့်အားရှိသလောက်အားကုန်ထုတ်ပြီးရုန်းကန်ဖို့ကြိုးစားသည်။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now