Final(3)

12.9K 1.6K 133
                                    

Unicode

******

"တီ...တီ...တီ "

တိတ်ဆိတ်နေသည့်နှစ်ယောက်ကြားမှာ ထမြည်သည့်ဖုန်းကကျယ်လောင်စွာ။

"မှိုင်းရေ အော်ပရာပြီးတော့မယ်ကွ၊မှိုင်းပြောတော့ စတိတ်ရှိူးမစခင် နှုတ်ဆက်ချင်သေးတယ်ဆို၊ဖိုးခွားပြောတာခုနကလည်း ပွဲခင်းထဲရုတ်ရုတ်ဖြစ်တယ်။ရန်ပွဲထင်တယ်တဲ့၊မှိုင်းကို စိတ်ပူတယ်ဆိုပြီးလှမ်းခေါ်ခိုင်းနေတာ၊မင်း ပြန်မလာမချင်းမင့်အစ်မက မအေးချမ်းဘူးဟေ့ "

ကိုအောင်ခြိမ့်အသံက ဟိန်းခနဲ။

"ဟုတ် အစ်ကို မှိုင်းလာပြီခင်ဗျ၊အသိတစ်ယောက်နဲ့စကားကောင်းနေလို့ "

မှိုင်းက စကားပြန်ဖြေရင်း တိမ်မင်းမျက်နှာကို ဖျတ်ခနဲမော့ကြည့်ပြီး ရင်ခွင်ထဲကတိုးထွက်ကာ ပြန်ဖို့ခြေလှမ်းရွေ့သည်။တိမ်မင်းမျက်နှာက ဇဝေဇဝါ။မှိုင်းက နားလည်ဖို့ကြိုးစားနေသည့် တိမ်မင်းကို

"စိန်မဟာနဲ့အတူ မှိုင်းလိုက်လာတာ။ဘဘနေမကောင်းဖြစ်ပြီးဆေးရုံတက်ရလို့၊ဒီညအတွက် မှိုင်း အလုပ်ရှိသေးတယ် သွားရမယ် "

တိမ်မင်းက အခုမှဘဝင်ကျသွားဟန်ဖြင့်မှိုင်းလက်ကိုကောက်ကိုင်ရင်း ခပ်သွက်သွက်ပြောသည်။

"ဒါဆို သွားမယ်လေ..ကိုယ်လည်း ဟန့် ကို ဇာတ်ရုံထဲမှာပစ်ထားခဲ့မိတယ်။သွားရှာရဦးမယ် "

မှိုင်း မျက်နှာက ချက်ခြင်းဆိုသလို ဂျစ်ပုပ်ပုပ်အမူအယာတွေဖြတ်ပြေးသွားပြီး တိမ်မင်းလက်ကိုအသာပုတ်ချလိုက်သည်။

"ဟင့်အင်း..အနောက်ကနေပဲ ခွာလို့လိုက်ခဲ့ပေးပါ။ကိုကိုကြီးခုနက လုပ်ထားတဲ့အပြုအမူတွေက ဘယ်လောက်ထိဆိုးဝါးတယ်ဆိုတာတော့ သိတယ်မဟုတ်လား၊ကျနော်တို့ တော်စပ်မှုတွေ ခေါင်းထဲမှာ မရှင်းလင်းသေးခင်အထိ အနားကို လိုတာထက်ပိုကပ်မလာပါနဲ့ခင်ဗျာ "

တသက်လုံး မှိုင်း လို့သုံးနှူန်းလာရာမှချက်ခြင်း ကျနော်တွေဘာတွေဖြစ်သွားတဲ့ ရာသီဥတု အခြေအနေက အကောင်းဘက်ကို ဦးတည်တာ မဟုတ်မှန်းတိမ်မင်းသိလိုက်ပြီ။ဖြူသောအသားပေါ်မှာအနည်းငယ်ရဲနေသည့်ပါးနှစ်ဖက်နှင့်ကောင်လေးကပြောဆိုပြီးချာခနဲ လှည့်ထွက်သွားတဲ့အခိုက်...

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now