Chapter(34)

9K 1.6K 177
                                    

Unicode

*****

ဝသာန်ရာသီရဲ့ အခါလွန်မိုးက သည်းလွန်းနေခဲ့သည်။

မှိုင်းက ကုတင်ပေါ်မှာ ခေါင်းအုံးကိုခုကာတဝက်မှီတဝက်ထိုင်လှဲလျောင်းရင်း မျက်နှာချင်းဆိုင်က ပြတင်းပေါက်ကို လှမ်းကာကြည့်နေလေ၏။

အထပ်မြင့်အခန်းပေမို့မိုးစက်မိုးပေါက်တို့က ပြတင်းမှန်ချပ်တွေကိုအကြားအလပ်မရှိလာပြီးရိုက်ခတ်နေတာကို မြင်နေယုံဖြင့်သာ ဒီညမိုးက သည်းထန်မှန်းသိရသည်။အတွေးတွေများစွာဖြင့်မှိုင်းကပြတင်းပေါက်မှန်တလျောက်စီးကျလာသည့် မိုးစက်တွေကို ငေးမိငေးရာ ငေးကာသာနေမိသည်။

တိမ်မင်းကတော့အခန်းတွင်းခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ပြောလက်စစကားကိုဘယ်နှစ်ကြိမ်မြောက်မှန်းမသိပြန်ကာစ၏။

"မှောက်ကျသွားတာလည်း ခပ်ကောင်းကောင်းပဲ၊မင်းခုမှ အဖျားကျသလို ဖြစ်သွားတာကို ဒီလိုကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအသောက်တွေလျှောက်စားနေလို့ မဖြစ်ဘူးလေ၊စားချင်တာပဲသိပြီး ဖြစ်လာမယ့် အန္တရာယ်ကိုတော့ မင်းမမြင်ဘူးမဟုတ်လား၊ဒီလောက်အာဟာရဖြစ်တဲ့ဟာတွေသေချာဂရုစိုက်ကျွေးနေတာတောင်မင်းကိုယ့်ကိုယ်ကိုပြန်ကြည့်ဦး၊ဒါ ငါအခုမှစဉ်းစားမိတယ် ဒီလိုဟာတွေစားလွန်းလို့လည်း ဖြစ်နိုင်တာပဲ။ "

ပွစိပွစိပြောနေသည့် တိမ်မင်းစကားတွေကို နားထောင်ရင်း မှိုင်း နားတွေပူလာသည်။

တကယ်တော့ ကိုကိုကြီးရွေးချယ်ထားတဲ့ ဆရာ ဆိုတဲ့ အလုပ်က တကယ့်ကို ကိုကိုကြီးနဲ့ အံကိုက်ပဲ။မကြည်လင်သောအခံဖြင့် မှိုင်းက ခပ်ချဉ်ချဉ်လေးတောင်တွေးမိလေသည်။

ဟုတ်သည်။သာမာန်အချိန်ဆို မျက်နှာထားတင်း
တင်းနဲ့လူကို စကားမဆိုချင်သလိုရှိနေတတ်သောကိုကိုကြီးက ဆူပူသည့်နေရာမှာတော့ တော်တော်ပါရမီပါလာပုံပေါ်သည်။

ဒီစကားကိုပဲ အပ်ကြောင်းထပ်မတတ်အခွန်းတစ်ရာလောက်ပြောနေတာ တော်တော် ကြာနေပြီ။

ညနေက အန်တီ့ရှေ့မှာ ကိုကိုကြီး တတွတ်တွတ် ဆုံးမခံနေရတုန်းက မှိုင်းကြောင့်ဆိုသည့် စိတ်မကောင်းသလိုခံစားမှုကို ဖြစ်နိုင်ရင် ခုချိန်မှာ ပြန်တောင်သိမ်းလိုက်ချင်သေးသည်။

တိမ်ယံငွေခြည် မှိုင်းပြာရီ Donde viven las historias. Descúbrelo ahora