Chapter(5)

11K 1.8K 84
                                    

Unicode

*******

မှိုင်း !

"ဟေ့ကောင်လေး "

မှိန်ဖျော့ဖျော့ နီကျင်ကျင်မီးအလင်းရောင်အောက်က ခပ်ကုပ်ကုပ် ဆိုင်လေးထဲမှ သူ့နာမည်ခေါ်သံထွက်လာ၍ မှိုင်းငဲ့ကြည့်မိသည်။

ဇာတ်အဖွဲ့ ထဲမှ ကိုထပ်တရာနှင့်ကိုစိန်ပန်း ကဆိုင်လေးထဲ ထိုင်နေရာမှ ခြေဦတည့်ရာ စိတ်နှင့်လူမကပ် လျှောက်သွား နေသည့် မှိုင်းကို လှမ်းအော်ခေါ်လိုက်တာ ဖြစ်သည်။

မှိုင်း စိတ်မပါသလို တချက်ကြည့်ရင်း ဆက်သွားမလိုအလုပ် ကိုစိန်ပန်းက

"လာပါ မှိုင်းရ.... ဒီမှာလာဝိုင်းစမ်းပါ "

ဆိုင်ထဲက ယိုင်တိုင်တိုင်ထွက်လာကာ လက်ကိုဆွဲပီးအတင်းခေါ်ဝင်နေတဲ့ ကိုစိန်ပန်းကို ကြည့်ရင်း စိတ်ဆုံးဖြတ်ကာ မှိုင်း ဆိုင်လေးထဲကို လှမ်းဝင်လိုက်ပါသည်။ကိုစိန်ပန်းက ပျာပျာသလဲ ခုံကို ဆွဲထုတ်ပြီး

"လာ....ထိုင်...မှိုင်းလေး၊မင်းစိတ်ထဲနေထိုင်လို့မကောင်းဖြစ်နေတယ် မဟုတ်လား၊ဒါမျိူးက တော်ယုံနဲ့မရဘူးကွ၊ဒါလေးသောက်ပြီး စိတ်ကိုဖွင့်ချလိုက် "

ပြောပြောဆိုဆို မှိုင်းရှေ့က ဖန်ခွက်ထဲကို ပုလင်းထဲကအရည်တချိူ့လောင်းငှဲ့ပေးကာ မှိုင်းပုခုံးကို ဖက်ပြီး ကိုစိန်ပန်းက သောက်ဖို့တိုက်တွန်းလေသည်။

မှိုင်းရှေ့က ပယင်းရောင်အရည်တွေကို ကြည့်ရင်း မှိုင်း ပိုစိတ်ညစ်လာသည်။

"မှိုင်း... မ....မသောက်ချင်.."

"မင်း ယောကျ်ား မဟုတ်ဘူးလား မှိုင်းလေး၊တခါမှမသောက်ဖူးဘူးလို့တော့ ငါ့ကို မပြောနဲ့ "

ကိုစိန်ပန်းက တွန့်ဆုတ်ဆုတ်ဖြစ်နေတဲ့ မှိုင်းမျက်နှာကိုကြည့်ရင်း အံ့သြသလို အမူအယာဖြင့် ပြောသည်။

"ငါတို့က မင်းစိတ်သက်သာဖို့ နည်းလမ်းပေးတာပါ၊မင်းမတရားသဖြင့် ယိုးစွပ်ခံရလို့ မကျေနပ်ဘူး မဟုတ်လား၊တခုခုပြန်လုပ်ချင်ပေမယ့်လည်း တုံ့ပြန်လို့လည်းမရဘူး၊အဲဒီလို အခြေအနေမှာ ဒီအရည်နဲ့ မျှောချပြီး ဖွင့်ထုတ်လိုက်မှ မင်းသက်သာရာ ရတော့မပေါ့ မှိုင်းရ "

တိမ်ယံငွေခြည် မှိုင်းပြာရီ Opowieści tętniące życiem. Odkryj je teraz