Unicode******
ကလစ် ခနဲမြည်ပြီးပွင့်သွားသည့် တံခါးရွက်ရဲ့နောက်မှာဖိုင်တွဲလေးတွေက အစီအရီ။
အပေါ်ဆုံးထပ်က မေမေ့ရဲ့လက်ဝတ်ရတနာဘူးတွေစီရရီထပ်ထားတာတွေ့ရတာကြောင့်တိမ်မင်းကဖွင့်မကြည့်တော့ဘဲ အောက်ဆုံးထပ်က ဖိုင်တွဲတွေကိုပဲသေချာဆွဲချလှန်လှောရှာဖွေမိသည်။
ကိုမော်ပြောသည့် တိုက်နှင့်ခြံက အငှါးချထား၊မထားဆိုတာ စာချုပ်ကိုပြန်ရှာပြီးကြည့်မှပဲသေချာမည်။မနက်ဖြန်ဆို ဟန့်ကို သွားကြိုမှာနဲ့ခရီးသွားရမှာရောကြောင့်ဆက်တိုက်ဆိုသလို မအား။ဒီနေ့တစ်ရက်ပဲအားနေတာကြောင့်တလက်စထဲရှာပြီးပြန်ပြောဖို့တိမ်မင်းစိတ်ကူးလိုက်တာဖြစ်သည်။
တသက်နှင့်တစ်ကိုယ်ဒါမျိုးဖွင့်မကြည့်ခဲ့ဖူးတာကြောင့်ဒီလိုကိုယ့်ပိုင်ဆိုင်မှုကိုယ်မျက်ဝါးထင်ထင်မြင်ရမှပဲတိမ်မင်းအံ့သြမိလေ၏။
များလိုက်သည့်စာချုပ်တွေ။အိမ်ဂရံတွေ။ပိုင်ဆိုင်မှုအထောက်အထားတွေ။
လိုချင်တဲ့စာချုပ်ကိုရှာဖွေစစ်ဆေးပြီးနောက်စာရွက်စာတမ်းတွေကိုသက်ဆိုင်ရာဖိုင်တွေထဲသပ်သပ်ရပ်ရပ်ပြန်ထည့်ပြီးတံခါးကိုပြန်ပိတ်မည်အလုပ်မှာတိမ်မင်းမျက်စိကမီးခံသေတ္တာအတွင်းက ပိုးကြိုးလေးနဲ့ရစ်ပတ်ထားသည့်ဒိုင်ယာရီစာအုပ်နှင့်ဖိုင်တွဲတစ်ခုကိုလှမ်းမြင်လိုက်သည်။
ပုံမှန်ဆိုတိမ်မင်းကတခြားလူတစ်ယောက်ရဲ့ Privacy ကို ဝင်ရောက်စပ်စုလိုစိတ်အလျင်းမရှိသူဖြစ်သည်။သို့ပေမယ့် ဒိုင်ယာရီ စာအုပ်အဖုံးပေါ်က မြတ်ထင် လို့ရေးထိုးထားသည့် နာမည်ကတိမ်မင်းစိတ်တွေကို ဆွဲဆောင်ညို့ငင်ခေါ်ယူလေ၏။
တိမ်မင်းလူပျိုပေါက်မှာဆုံးသွားခဲ့သည့် ဖေဖေ့ရဲ့အတွေးမှာဘာတွေရှိနေခဲ့မလဲ၊ဖေဖေဖြတ်သန်းခဲ့သည့်နေ့ရက်တွေကဘာလဲ၊ပြီးတော့ ဒီစာအုပ်ကဘာလို့ဒီထဲရောက်နေရသလဲဆိုတာကို သိချင်စိတ်လေးတစ်ခုက ကျင့်ဝတ်တွေကိုဖောက်ပျက်စေခဲ့သည်။
ခွင့်လွှတ်ပါ ဖေဖေ..
စိတ်ကတွေးရင်း ဖိုင်တွဲထဲကစာရွက်တွေကိုတစ်ရွက်ချင်းအရင်ထုတ်ပြီးဖတ်မိသည်။ထွက်ချလာသည့်စာရွက်တွေကိုစေ့စေ့စပ်စပ်ဖတ်ကြည့်လိုက်မိတဲ့တိမ်မင်းခမျာ...

ESTÁS LEYENDO
တိမ်ယံငွေခြည် မှိုင်းပြာရီ
RomanceZawgyi/Unicode ဘဝမှာ နေလာရင်း မုန်းမိတဲ့သူကိုရော ချစ်သွားနိုင်လား (တိမ်မင်း) လူတယောက် ကိုသာ မျှော်ငေးနေခြင်းကို ရှင်သန်မှုအဖြစ် မှတ်ယူနိုင်ခဲ့ဘူးသလား မှိုင်းသိတဲ့ အချစ်က အဲဒါပဲ အချစ်က မျှော်လင့်ခြင်းနဲ့ အလားသဏ္ဍာန်တူတယ် (မှိုင်းပြာမှုန်ဝေ) ****** ဘဝမ...