Chapter(24)

9.7K 1.5K 58
                                    

Unicode

******

အခန်းထဲမှ စာအုပ်ကိုင်ပြီးထွက်လာသည့် မှိုင်းက
ဘေးချင်းကပ်လျက်တိမ်မင်းအခန်းဝမှာရပ်ပြီးတော့ ပိတ်ထားသည့် တံခါးကို လက်ဆစ်လေးတွေကွေးကာ ဖြည်းညှင်းစွာ ခေါက်လိုက်သည်။

ဒေါက်...ဒေါက်!

"ကို..ကိုကိုကြီး....မှိုင်းခင်ဗျ... "

မှိုင်းရပ်စောင့်နေပေမယ့် အခန်းတွင်းမှတုံ့ပြန်သံကားပြန်မလာပါ။

"ကိုကိုကြီး မှိုင်း စာမေးမလို့ ခင်ဗျာ "

မတိုးမကျယ် အသံပေးတော့လည်း ဘာသံမှမကြားရ။အခန်းထဲ မှာ မရှိဘူးဆို ကိုကိုကြီးဘယ်သွားတာပါလိမ့်။ခြံထဲပဲဆင်းသွားတာများလား။

ဝမ်းထဲက မအီမသာခံစားမှုကြောင့် ဗိုက်လေးကို ဖိကာမှိုင်းတစ်ယောက်ခေတ္တ ရပ်နေမိသေးသည်။

ဒီအတိုင်းစောင့်နေရမလား သွားရှာပြီးသိချင်တာမေးရမလားဝေခွဲမရဖြစ်ရ၏။တိမ်မင်းကတော့ သိချင်တာရှိရင်သူအားနေချိန်လာမေးလို့ရသည်လို့ပြောထားလက်စကလည်းရှိပြန်တာမို့သွားရှာပြီးမေးဖို့ပဲစိတ်ကူးလိုက်ပါသည်။

အတွေးတို့နှင့်အတူ ဆုံးဖြတ်ပြီး လှေကားကနေ သွက်သွက်ဆင်းလာတဲ့ မှိုင်းက ဘုရားပန်းအိုးတွေ လဲပြီး အပေါ်ထပ်ကို လာပို့သည့် ကြီးစိန်နဲ့ လှေကားမှာ ဆုံသည်။

"ကြီးစိန် ကိုကိုကြီး အောက်မှာရှိလားဟင် "

မှိုင်းအမေးကို ကြီးစိန်က တိတ်တိတ်နေ ဆိုတဲ့ အမူအယာဖြင့် မျက်ရိပ်ပြသည်။တခြားလူမကြားစေချင်သလို တိုးညှင်းတဲ့လေသံဖြင့်ဆိုလေ၏။

"အောက်ထပ်မှာ ရှိတယ် ဂိဂိ ဆိုလား ဂီးဂီး ဆိုလား အဲဒီကောင်မလေးနဲ့ ဖုန်းပြောနေတယ်၊ဘာတွေသဘောတွေ့နေလဲ မသိဘူး ရွှေကိုယ်တော်မျက်နှာကကြည်လင်သာယာ ပြုံးတော်မူနေလိုက်တာများ....."

ခါတိုင်းလို ကြီးစိန်ရဲ့ပိုပိုသာသာစကား​တွေကို
မှိုင်း ခိုးမရယ်နိုင်ပေ။ဂီးဂီ ဆိုတဲ့ အစ်မကြီးက ဘာပါလိမ့်။ကိုကိုကြီးအပေါ်ထားတဲ့သဘောထားကို ဟိုနေ့ညက မှိုင်းမြင်မြင်ချင်း အကဲခတ်မိပေမယ့် အမူအယာပိရိသေသပ်တဲ့ ကိုကိုကြီးဖက် က သဘောထားကိုတော့ မှိုင်းဘယ်လိုမှမမှန်းနိုင်ပါချေ။

တိမ်ယံငွေခြည် မှိုင်းပြာရီ Dove le storie prendono vita. Scoprilo ora