Chapter(29)

9K 1.6K 71
                                    

Unicode

******

ဒီနေ့က လပြည့်နေ့ ဖြစ်၏။

ဒေါ်စိန်ပွင့်က လှပစွာတိတိရိရိဖြတ်တောက်ထားသော ပိန်းပန်းရောင်စုံများကို ဖန်အိုးလေးတွေထဲ အပြီးသတ်ထိုးစိုက်လိုက်ရင်း ပန်းထိုးခြင်းကိုအလုပ်ကို အဆုံးသတ်လိုက်သည်။

"မမပွင့် ဒါက ဘယ်ကိုသယ်ရမလဲ "

ဒေါ်စိန်က ဒေါ်ခင်မင်းသွယ် ရဲ့ အစ်မဖြစ်သည့် ဒေါ်စိန်ပွင့် နားကပ်ကာမေးလိုက်ပါသည်။သူတို့ညီအမတွေများဘယ်လိုကုသိုလ်အကျိုးပေးကောင်းခဲ့ကြသလဲ ဒေါ်စိန်တွေးမိသည်။ရုပ်ရည်ပြေပြစ်ချောမောတာခြင်းကလည်းအတူတူ။ပစ္စည်းဥစ္စာကုံလုံကြွယ်ဝပြည့်စုံတာခြင်းလည်းအတူတူ။

ဟော...ဒီကဒေါ်စိန်ပွင့်ကိုလည်း ကြည့်ဦး။

မမကြီးခင်မင်းက နုနုထွေးထွေးလေးနဲ့နူးညံ့ပျော့ပြောင်းသည့်အလှဆိုရင် မမကြီးဒေါ်စိန်ပွင့်က
တော့မဟာဆန်ဆန်နဲ့ကျက်သရေရှိရှိလှသည်အလှမျိုး။

အလှတမျိူးစီဖြင့်ရှိကြတာခြင်းအတူတူ ဒေါ်ခင်မင်းသွယ် က လူတဖက်သားကို အစဉ်အမြဲဂရုဏာလွှမ်းသောအကြည့်ဖြင့်ကြည့်တတ်သူဖြစ်ပြီးဒေါ်စိန်ပွင့်ကမူ သဘောကောင်းဟန်ခပ်ပြုံးပြုံးမျက်နှာဖြင့်စူးရှထက်မြက်သောမျက်ဝန်းများကိုတွဲလျက်ပိုင်ဆိုင်သူသာဖြစ်သည်။

"ခင်မင်း နဲ့ တိမ်မင်း အခန်းထဲမှာ သွားတင်ပေးထားလိုက်ပါ မစိန်၊သြော် ဒါနဲ့ ဆေးရုံပေါ်က ကလေးအတွက် လုပ်ထားပေးတဲ့ ကြက်သားဆန်ပြုတ်လေးကို အပူခံဗူးလေးနဲ့ ပြင်ထားပေးနော်၊ပူတင်းလေးတွေက တခါစားဗူးလေးတွေနဲ့ ရေခဲသေတ္တာထဲ ထည့်ထားတာရော ထုတ်ပေးလိုက်ဖို့ မမေ့နဲ့နော် "

"ဟုတ်ကဲ့....ထည့်ပေးလိုက်ပါမယ် မမပွင့် "

ပြောသူကအပြောရှိလာတော့ ဒေါ်စိန်က ရိုသေညွှတ်ပျောင်းစွာ ဖြေကြားသည်။ဒေါ်စိန်ပွင့်တစ်ယောက် မနေ့က ရောက်သည်။ရောက်ရောက်ချင်း မှိုင်းဆေးရုံတက်ရသည့်အတွက် ညီမ ဖြစ်သူရော တိမ်မင်းပါ မအားလပ်တော့ သူပဲ ကိုယ်တိုင်ဝင်ကာ စားသောက်ဖို့အရေး စီမံပေးရ​လေသည်။

တိမ်ယံငွေခြည် မှိုင်းပြာရီ حيث تعيش القصص. اكتشف الآن