Chapter(55)

8K 1.4K 166
                                    

Unicode

******

"ခုက ဘာလဲ တိမ် "

လေတွေတဟူးဟူးတိုက်ခတ်နေသည့်ဆေးရုံခေါင်မိုးထပ်ပေါ်သူတို့နှစ်ယောက် ရောက်ရှိနေခြင်းဖြစ်သည်။

"မားက ဘာဖြစ်တာလဲ "

သိင်္ဂီမေက နားမလည်သလိုမေးခွန်းထုတ်သည်။အမိုးစွန်းမှာကာရံထားတဲ့အုတ်ဘောင်ပေါလက်ထောက်ကာရပ်နေသည့်တိမ်မင်းရဲ့ မျက်နှာကစိတ်မကြည်လင်ဟန်မှုန်မှိုင်းလို့နေသည်။သွေးကြောတွေပါပေါက်ထွက်မတတ် နီရဲနေသည့်မျက်လုံးတွေကရက်ဆက်ပြီးအိပ်ရေးပျက်ထားခဲ့ဟန်နွမ်းလျလို့နေသည်။

"DID လို့ခေါ်တဲ့ စိတ်ရောဂါတစ်မျိုးပေါ့ "

ဟင်..။

ဒီအသံကိုလည်ချောင်းထဲကအပြင်သို့မထွက်သွားအောင်ကြိုးစားပြီးထိန်းချုပ်လိုက်ရသည်။သိင်္ဂီမေရဲ့စိတ်ကူးတွေထဲမှာထည့်မတွက်ထားခဲ့တဲ့ဒီအခြေအနေကဘာတဲ့လဲ။

"ဒါ...ဒါ...ဘာစကားလဲတိမ်...တိမ့်မေမေက..ဟို..ရူး..ဆောရီး..စိတ်နေမကောင်း ဖြစ်နေတယ်ဆိုချင်တာလား "

အံ့သြတုန်လှုပ်စိတ်ဖြင့်စကားကမှားသွားသေးသည်။တိမ်မင်းရဲ့လည်ပြန်ကြည့်လိုက်တဲ့ စူးရှရှမျက်ဝန်းတွေအောက်မှာ သိင်္ဂီမေ့စကားတွေက အထစ်ထစ်ငေါ့ငေါ့။

"ဟုတ်တယ်...ဂီးဂီပြောသလိုပဲဆိုပါတော့။ဒါနဲ့ကိုယ်မေးချင်တာက ဘာကိစ္စကြောင့် ဒီထိလိုက်လာရတာလဲ။ဂီးဂီ လုပ်ခဲ့တဲ့လုပ်ရပ်က ခုလိုသာကြောင်းမာကြောင်းလာမေးလို့ရမယ့်အခြေအနေမျိုးမဟုတ်ဘူးဆိုတာ မေ့နေရော့လားဟင်၊ထွေထွေထူးထူးပြောစရာမရှိရင်ပြန်လိုက်တော့ ကိုယ့်စိတ်အခြေအနေကအရမ်းအဆင်ပြေနေတာမဟုတ်လို့ "

တိမ်မင်းကလည်ပင်းစေ့တွယ်ထားသည့် ရှပ်အကျီကြယ်သီးကိုခပ်ကြမ်းကြမ်းဖြုတ်ပစ်လိုက်ပြီးစိတ်အိုက်လာဟန်ဖြင့် အသံကျယ်ကျယ်အော်ဟစ်လိုက်သည်။

တဖက်ကသိင်္ဂီမေခမျာတော့ Social Media ပေါ်မှာ မွေးနေ့ပွဲညက သိင်္ဂီမေနဲ့တိမ်မင်းရဲ့ ပုံရိပ်တွေပြန်နှံ့နေသည့်အပေါ် တိမ်မင်းရဲ့တုံ့ပြန်မှုကိုသိချင်လို့ ဆေးရုံထိစုံစမ်းပြီးလိုက်လာကာမှစိတ်မရှည်သလိုအော်ဟစ်နေတဲ့တိမ်မင်းကြောင့်မျက်နှာကမဲ့တဲ့တဲ့ဖြစ်ရသည်။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now