Chapter(7)

11.1K 1.8K 23
                                    

Unicode

*******

"မှိုင်းရယ်....သားလေး "

မှိုင်းကို မြင်တော့ အမေက စကားတစ်ခွန်းမှ မဆိုဘဲမျက်ရည်သာကျရှာသည်။အမေ ငိုနေတာကြည့်ရင်းမှ မှိုင်းစိတ်ထဲဝမ်းနည်းစိတ်တို့ တိုးဝင်ဖြစ်တည်ရသည်။

မှိုင်း က...မကောင်းတဲ့ကောင်ပဲ

မှိုင်းကြောင့်....မှိုင်းကြောင့်...
အမေ မျက်ရည် ကျနေရပြီ

ဒေါ်စိန်ပွင့်ကတော့ မျက်စိရှေ့က သားဖြစ်သူကို ကြည့်ကာ စိတ်မကောင်းသလို မျက်ရည်သုတ်နေသောပိန်ပိန်ပါးပါး ညှိုးနွမ်းနေသည့် အမျိုးသမီးကို သေချာကြည့်ရင်းအကဲခတ်နေမိပါသည်။လောကဓံ၏အထုအထောင်းကို အတော်ပင်ခံထားရဟန်ရှိလေသည်ဟု တွေးနေမိသည်။

ထိုစဉ် မမမြမူက မျက်စိသူငယ်ဖြစ်နေသည့် မှိုင်းအနားကို အနည်းငယ် တိုးကပ်လာရင်း တီးတိုးအမေးစကားဆိုသည်။

"မှိုင်း...နင်ဘာမှတော့ မထိခိုက်သွားဘူးမဟုတ်လား၊ခေါင်းမူးတာဘာညာရော မရှိဘူး မဟုတ်လား "

မှိုင်းက ခုထိ သူ့ကို တလှည့် တရှူံ့ ရှူံ့ ငိုနေသော အမေ့ကိုတဖန် ထိုင်အကဲခတ်နေသော ဒေါ်စိန်ပွင့် ရှေ့မှာမလို့ မမမြမူအမေးကို အသာအယာခေါင်းယမ်း၍ပဲ အဖြေပေးမိသည်။

"ဒါဆို အမေနဲ့သား နှစ်ယောက်ပဲ ကျန်တော့တာပေါ့ "

ဒီနေ့အတွက် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသည့် မေးခွန်းကို မေးပြန်လေပြီ။အမေကတော့ ရိုကျိုးနှိမ့်ချ သည့်အမူအယာဖြင့် အလှူရှင်သူဌေးမကြီးဖြစ်သည့် ဒေါ်စိန်ပွင့်အမေးကိုပြန်ဖြေနေပါသည်။

"ဟုတ်ကဲ့ မှိုင်း အဖေဆုံးတာတော့ သားငယ်စဉ်ကတည်းကပါပဲ၊သားအမိနှစ်ယောက် မောင်မိသားစုအိမ်မှာပေါင်း နေပါတယ်ရှင့် "

မှိုင်း အမေရဲ့ အဖြေကို ဒေါ်စိန်ပွင့်က ကျေနပ်သလို ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေရင်း

"လိပ်စာ ပေးထားခဲ့လေ "

"ရှင် "

"ခင်ဗျာ "

မှိုင်း ရော အမေပါ နှစ်ယောက်လုံး ပါးစပ်က ပြိုင်တူထွက်မိသည်။

တိမ်ယံငွေခြည် မှိုင်းပြာရီ Tempat cerita menjadi hidup. Temukan sekarang