Unicode
******
အားလုံးသော စာဖတ်သူများ မင်္ဂလာပါ
"တိမ်ယံငွေခြည် မှိုင်းပြာရီ" လေးကို နှုတ်ဆက်ဖို့အချိန်ရောက်လာခဲ့ပါပြီ။
9.5.2020 ကနေစတင်ခဲ့တဲ့ ဒီFic လေးဟာ ခုဆို ငါးလတိတိကြာမြင့်ခဲ့ပါတယ်။
ဒီ Fic လေးနဲ့ ပတ်သက်ပြီး အစ်မပြောပြချင်တာလေးတွေအများကြီးရှိပါတယ်။အကြောင်းက ဒီ Fic ကို ဖတ်တဲ့အချိန်မှာ၊ဇာတ်သိမ်းသွားတဲ့အချိန်မှာတချိူ့စာဖတ်သူလေးတွေစိတ်မတင်မကျဖြစ်ရတာမျိုးတွေလည်းရှိကောင်းရှိနေမှာစိုးလို့ပါ။
Abuse ဆိုပြီး ဘာကိုပြချင်တာလဲ ...
တိမ်မင်းနဲ့မှိုင်းက ဘာမှလည်းထူးထူးခြားခြားသိပ်မဖြစ်ဘူးဆိုတာတွေ...
တချိူ့အပိုင်းတွေတင်တဲ့အခါ ဝင်ဖတ်ပြီး မှိုင်းအခန်းလည်း မပါဘူး၊ဖတ်ရတာအားမရှိဘူးဆိုတာတွေ...
ဇာတ်ကအပိုင်းတွေသာများလာတယ် ဘာမှရေရေရာရာမရှိဘူးဆိုတာတွေ....စသဖြင့်ပေါ့ အများကြီးတွေးကြပါလိမ့်မယ်။ဒီဝိဝါဒကွဲတဲ့အမြင်တွေကို အစ်မတစ်ခါထဲဖြေသွားပါ့မယ်။
ဒီနေရာမှာ အစ်မစပြီး ပုံဖော်ခဲ့ကတည်းက Abuse,Drama,Brotherly ဆိုပြီး Tags လုပ်ခဲ့တာလေး ပြန်တွေးကြည့်ပါ။
အစ်မပြချင်တဲ့ Abuse Type က စိတ်ပိုင်းဆိုင်ရာအရ ဖိနှိပ်နာကျင်ခံစားရမှု (Emotional Abuse)၊သက်ငယ်ပိုင်းဆိုင်ရာအကြမ်းဖက်စော်ကားနှိပ်စက်ခံရမှု (Child Abuse) ဒီနှစ်ခုကို အဓိကပြချင်တာဖြစ်ပါတယ်။ထိုက်သင့်သလောက်ဖော်ပြနိုင်ခဲ့တယ်လို့လည်းထင်ပါတယ်။လိုအပ်ချက်တွေလည်းအများကြီးရှိပါတယ်။
ပြီးတော့ Drama
ရိုမန့်စ်လို အချစ်သက်သက်မဟုတ်တဲ့အခါ အိမ်ထောင်ရေးဇာတ်ကြောင်းတွေ၊မိသားစုအရှူပ်အထွေးတွေ၊နာကျင်ကြေကွဲဝမ်းနည်းရတာတွေ အများကြီးပါလာသလို ပါဝင်တဲ့ဇာတ်ကောင်တွေရဲ့ Character ကိုတည်ဆောက်တဲ့နေရာမှာလည်း အချိန်အများကြီးယူရပါတယ်။ဥပမာ...ဒီ Fic အတွက် အရေးကြီးဆုံး ဇာတ်ကောင်ဆိုစာဖတ်သူတွေအနေနဲ့ဘယ်သူ့ကိုရွေးချယ်မလည်းမသိပေမယ့် အစ်မကတော့ ဒေါ်ခင်မင်းသွယ်ကို MC ထဲထည့်ပါတယ်။

YOU ARE READING
တိမ်ယံငွေခြည် မှိုင်းပြာရီ
RomanceZawgyi/Unicode ဘဝမှာ နေလာရင်း မုန်းမိတဲ့သူကိုရော ချစ်သွားနိုင်လား (တိမ်မင်း) လူတယောက် ကိုသာ မျှော်ငေးနေခြင်းကို ရှင်သန်မှုအဖြစ် မှတ်ယူနိုင်ခဲ့ဘူးသလား မှိုင်းသိတဲ့ အချစ်က အဲဒါပဲ အချစ်က မျှော်လင့်ခြင်းနဲ့ အလားသဏ္ဍာန်တူတယ် (မှိုင်းပြာမှုန်ဝေ) ****** ဘဝမ...