Chapter(37)

9.3K 1.6K 115
                                    

Unicode

****

အတန်းချိန်အပြောင်းအလဲကို အချက်ပေးသော ဘဲလ်မြည်သံနှင့်အတူ အခန်းတွင်းက ကျောင်းသူတွေလှုပ်လှုပ်ရွရွဖြစ်သွားကြလေသည်။

အချိန်တိကျသော တိမ်မင်းက လူတွေလိုတာထက်ပိုပြည့်ကျပ်နေတဲ့ Class ကိုတချက်ဝေ့ကြည့်ကာ စတိတ်ခုံပေါ်ခပ်မှန်မှန်တက်လာသည်။သူ့ထုံးစံအတိုင်း သပ်ရပ်ကြည့်ကောင်းသောကိုယ်ဟန်အမူအယာကလင်းထွက်ကာသာနေ၏။

ခပ်တိုတိုညှပ်ထားသောဆံပင်ကိုအပေါ်ကိုလှန်တင်ဖြီးထားတာကြောင့်စိမ်းမြနက်မှောင်သည့်မျက်ခုံးမွေးထူထူကမျက်နှာတစ်ခုလုံးမှာထင်းကာပေါ်နေသည်။ဘယ်အချိန်ကြည့်ကြည့်ရေချိုးပြီးစလိုပဲအမြဲလတ်ဆတ်နေသည့်တိမ်မင်းဆီမှာပျင်းရိငေးငိုင်နေတဲ့အမူအယာမျိုးဘယ်သောအခါမှမတွေ့ရစဖူးပါချေ။

စူးရှပေမယ့်ဗာဒံစေ့လိုအတန်ငယ်ကျဉ်းမြောင်းသည့်ခပ်မှေးမှေးမျက်လုံးတွေနှင့်အတူပိရိသေသပ်သောနှုတ်ခမ်းလွှာတွေကတော့မျဉ်းတစ်ကြောင်းချထားသလိုတင်းတင်းစေ့လျက်သာ။

"ကဲ....ဒီ တစ်ပတ်အတွက် ဒီအခန်းမှာ ကိုယ့်ရဲ့ အချိန်ကနောက်ဆုံးဖြစ်မယ်ထင်တယ်၊တော်တော်များများအတန်းလစ်သွားလောက်ပြီထင်တာ၊ထင်တာထက်လူပြည့်နေတာပဲ၊ဒီ Section ကလူတွေက မဆိုးဘူးလို့ဆိုရမယ် "

ပြုံးမယောင်တည်နေသည့်မျက်နှာပေးဖြင့် သြရှချိုမြသည့်အသံက တိတ်ဆိတ်နေသောအတန်းထဲမှာ လွင့်ထွက်လာသည်။အမြဲတစေတည်နေတတ်သော တိမ်မင်းမျက်နှာပေါ်မှထူးထူးခြားခြားပြုံးထေ့ထေ့အမူအယာက အတန်းထဲကမိန်းကလေးတွေကို တိုးတိုးကျိတ်ကျိတ် ဖြစ်သွားစေခဲ့သည်။

တကယ်တမ်းတော့ကျောင်းသူတွေရဲ့စိတ်ကူးပုံရိပ်ထဲကလူ၊ကျောင်းသားတွေအဖို့မှာလည်း"သူ့လိုလူမျိုး "ဆိုပြီးစိတ်ထဲအမြဲအားကျရတဲ့အသက်ငယ်ငယ်ဌာနမှူးလေးအချိန်မို့တခြားအတန်းကနေဒီအချိန်ကိုရွေးပြီးတကူးတကလာတက်သူတွေအများအပြားရှိနေခဲ့တာကိုတိမ်မင်းတစ်ယောက်ကတော့စစ်စစ်ပေါက်ပေါက်သတိထားမိဟန်မတူပါချေ။

"ဘယ်လိုလဲ စာတွေတော်တော်ရနေကြပြီလား၊
First term က နီးလာပြီနော်၊ဒီအချိန်ကစပြီး သေချာလုပ်မှ ဖြစ်တော့မှာ၊UFL ကိုရောက်လာတယ်ဆိုကတည်းက ပင်ကိုအား​ဖြင့်တော်ပြီးသား
လူတွေပဲဟာ၊မခက်ပါဘူး..ဟုတ်တယ်ဟုတ် "

တိမ်ယံငွေခြည် မှိုင်းပြာရီ Tempat cerita menjadi hidup. Temukan sekarang