Chapter(31)

8.9K 1.6K 62
                                    


Unicode

******

ဆားနယ်ပြီး တစ်ညသိပ်ထားတဲ့လက်ဖဝါးသာ
သာရှိသော ငါးကိုဖက်ဖြင့်ပတ်ကာ မီးဖိုအောက်က မီးသွေးခဲလေးများကို ဖြဲရဲပြီး အသာတင်သည်။မပျော့မပြင်း အနေတော်ဖြစ်အောင် စိတ်ကြိုက်လှည့်ပြီးကင်နေလေ၏။

အတန်ကြာပြီးနောက် ငါးကိုပတ်ထားသည့် ဖက်ကမီး သင်းနံ့ထွက်လာမှ မီးခဲများကို အသာဖယ်ကာဆွဲထုတ်သည်။ပတ်ထားသည့် ဖက်ကိုဖယ်လိုက်တော့ငါးက နီရဲကာ ကျက်နေပြီ။ကြက်သွန်ဖြူ ထောင်းပြီးထည့်ထားသည့်အတွက် မညှီပဲမွှေးကာနေ၏။

မပုက မီးဖိုထဲက ဖင်ထိုင်ခုံလေးကို ဆွဲထိုင်လိုက်ကာ ခပ်နိမ့်နိမ့် မီးဖိုချောင်လေးထဲ ဒေါ်ကြင်သိန်းတစ်လှုပ်လှုပ်နဲ့ ချက်ပြုတ်နေတာကို စိတ်ကုန်နေသလိုလိုသနားနေသလိုလို မျက်လုံးဖြင့်ကြည့်သည်။လက်ထဲက မီးသေခါနီး ဆေးလိပ်တိုထိပ်ကို လက်ဖြင့်အသာဖိကာမီးသတ်လိုက်ပြီး ချောင်းတချက်ဟန့်ကာ အမေးစကားစလေ၏။

"ဒါကို ယူသွားပေးလို့ရော သူက စားလို့ရသတဲ့လား "

"မှိုင်းအကြောင်းလည်း ညည်းသိရဲ့သားနဲ့၊ငယ်ကတည်းကဖျားတိုင်းဒါကိုစားရမှအဖျားပျောက်ပြီး နလန်ထတတ်တာကို"

မပုရဲ့ အမေးကို ဒေါ်ကြင်သိန်းက ငါးမှာကပ်နေသော ဖက်အပိုင်းအစလေးများကို သေချာခွာရင်း အဖြေပေးသည်။

"မဟုတ်ဘူးလေ ကျုပ်ပြောတာက အစ်မကြင်က ဒါယူသွားလို့ရော ဟိုက ခွင့်ပြုသတဲ့လား တော်ကြာ ဆရာဝန်ဘာညာက မစားရဘူးဆို "

မပုက ဆက်မပြောလိုဟန်ဖြင့် ပြောလက်စစကားကို တဝက်ဖြတ်ချလိုက်သည်။တကတဲ...။အစ်မကြင်တို့ကတော့ ခက်ပါတယ်။သားလုပ်သူက သမ္မတထက်တောင် အရေးပါသေးတယ်။ခုလည်းကြည့်လေ။

မှိုင်းက ဖျားသည့်အချိန်တိုင်း သူ့အမေချက်ပေးတဲ့ ငါးပိအုံး ကို အမြဲတောင့်တသည်တဲ့။ငပိအုံးတောင်မှ မီးသွေးမီးဖိုမှာ ဖက်နဲ့ပတ်ကင်ထားတဲ့ ဖက်နံ့မွှေးမွှေးလေးကိုမှ ကြိုက်ပြန်ဆိုလား။

မနေ့ကတည်းက ငါးကိုဝယ်ဆားနယ်သိပ်၊ဒီမနက်လည်းအစောကြီးထကာမီးဖိုချောင်ထဲ တကုပ်ကုပ်အလုပ်ရှုပ်နေတာတွေ့တာမို့ မပုဈေးမထွက်ခင် စိတ်ပျက်တာအသာထား အကျိုးအကြောင်းမေးမြန်းကြည့်တာပင်ဖြစ်၏။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now