Chapter(42)

9.3K 1.6K 154
                                    

Unicode

*****

အိမ်ကိုပြန်ရောက်လာတဲ့အချိန် မှိုင်းကို အမြင်မှာတော့ဒေါ်ခင်မင်းသွယ် တစ်ယောက်လက်သည်တရားခံမှာသားဖြစ်သူမှန်း သိနေလေတော့ တိမ်ရယ် လို့သာပဲ ခပ်ကျိတ်ကျိတ် ညည်းညူနိုင်ပါတော့သည်။

ဒေါ်စိန်ကတော့ ရှိူးတိုးရှန့်တန့်နေရခက်ဟန်တူနေတဲ့ မှိုင်းကို လက်လေးဆွဲကာ သဘောတွေအကျကြီးကျနေတော့တာပင်။ဒီလိုဆိုတော့လည်း တိမ်မင်းက အမြင်ရှိသား လို့ရှားရှားပါးပါးချီးကျူးလေသည်။

"မမကြီး ဒီလိုဆိုတော့လည်း မှိုင်းလေးကို ကြည့်ပါဦး အရုပ်လေးလိုပဲနော် "

"သြော် မစိန်ကလည်းလေ ၊မှိုင်းရေ သွားသွား သားနေရခက်ရင် အဝတ်လဲထားချေလိုက် "

"ဟင် ဘာဖြစ်လို့လဲ မမကြီးကလဲ ဒီတိုင်းလည်း ကြည့်ကောင်းနေတာကို "

ဒေါ်စိန်က မှိုင်းကို ခြေဆုံးခေါင်းဆုံးကြည့်မဝသလိုပြောမိသည်။ရွှေပင်နားတော့ရွှေကျေးဆိုတာသိပ်မှန်တာပဲလို့လည်းဒေါ်စိန်တွေးသည်။ဒီအိမ်မှာနေတာကြာလာတော့ မှိုင်းက အလိုလိုကို ရုပ်လေးကအရင်ကထက်ပိုပြီးကြည်လင်ကာ လူရည်သန့်ရုပ်လေးထွက်လာသလားလို့။

မှိုင်းကတော့ ဝိုင်းကြည့်နေတဲ့ အန်တီနဲ့ကြီးစိန်ရှေ့မှာ နေရခက်သလို မျက်ခုံးအောက်က မှဲ့နက်လေးကို လက်ညိုးလေးဖြင့်ပွတ်ကာ ကုပ်ကုပ်လေးရပ်နေမိသည်။

"ကြည့်ကောင်းတာမှန်ပေမယ့် ကလေးကနေရခက်နေတယ်လေ၊သူ့ရုပ်ကိုကြည့်ပါလားမစိန်ရဲ့၊သူ့ကိုကိုကြီးငြိုငြင်မှာစိုးလို့သာပဲ သည်းခံအောင့်အီးနေရတဲ့ပုံလေး"

"ဟို..အန်တီ...မဟုတ် "

"ကဲ...သွား..သွား မှိုင်းလေး သက်တောင့်သက်သာနေသာသလိုနေချေ။ကိုကိုကြီးကို အန်တီကြည့်ကောင်းအောင်ပြောလိုက်မယ်နော် "

စကားနားထောင်စွာပဲခေါင်းညွှတ်ကာ ထွက်သွားသောကလေးနောက်ကျောကိုကြည့်ရင်း အရင်ကအကြောင်းတွေ တစိမ့်စိမ့်တွေးကာ ဒေါ်ခင်မင်းသွယ်တစ်ယောက်ထဲ ပြုံးမိပါသည်။

တိမ် ဟာလေ....

တိမ်မင်းရဲ့ ငယ်ကျင့်လေးကခုအရွယ်ထိမပျောက်နိုင်သေးတာပါလား။တွေးရင်း ဟိုးအရင်အတိတ်ကို ခင်မင်းသွယ် ခဏတာအလည်သွားမိပြန်လေသည်။

တိမ်ယံငွေခြည် မှိုင်းပြာရီ Tempat cerita menjadi hidup. Temukan sekarang