Part (2) U
"ငယ်...ငယ်..."
"အင်...ကိုကို...ရောက်ပြီလား..."
"မျက်လုံးအောင့်မယ်....အိပ်ပုပ်လေးရဲ့..."
ရင်ခွင်ထဲမှီရာက ခေါင်းလေးထောင်ကာ မျက်လုံးအစ်အစ်လေးတွေကို လက်ဖမိုးလေးနှင့် ပွတ်နေတာမို့ လက်လေးကို အသာဖမ်းထိန်းပြီး ဆံပင်အုပ်အုပ်လေးတွေကို တစ်ချက်နှစ်ချက် သပ်ပေးကာ အပေါ်ဝတ်လေးကို ပြင်ခြုံပေးပြီး နှစ်ယောက်သားအေးဆေးမှ ဆင်းလာခဲ့လိုက်သည်။
လေဆိပ်ကနေ ကမ်းခြေအထိ တစ်နာရီသာသာ မောင်းရသေးတာမို့ လာကြိုသည့်ကားပေါ်ထိုင်မိတာနှင့် ငယ့်ကို ရင်ခွင်ထဲထည့်ကာ ပတ်ဝန်းကျင်ရှုခင်းများအား ငေးလာမိသည်။
နိုင်ငံခြားမှာ ကျောင်းသွားမတက်ခင် နောက်ဆုံးရောက်ခဲ့တာမို့ အနေအထားတို့က ပြောင်းလဲတိုးတက်လာသည်မှာ အမှန်ပင်။
အတွေးလွန်နေဆဲ ငြိမ့်ခနဲကားရပ်သွားတာမို့ ကြည့်လိုက်တော့ GuSu Hotel ရှေ့ရောက်နေပြီ။
ဘွတ်ကင်ယူထားပြီးတာကြောင့် အိတ်တွေကို ဝန်ထမ်းလေးတစ်ယောက်က သယ်သွားတာမို့ reception ကြိမ်ခုံများဆီ လျှောက်လာမိတော့ မူပိုင်အပြုံးနှင့် ကြိုနေသည်က GuSu Hotel ပိုင်ရှင် လျိုဟိုက်ခွမ်း....
"အေးဆေးနားလိုက်ကြဦး....တစ်ခုခုလိုရင် reception ကိုပြောလိုက်...ငါ အားလုံး မှာထားတယ်..."
"ကျေးဇူး ဟိုက်ခွမ်းရာ...ကားစီးလိုက်...လေယာဥ်စီးလိုက်နဲ့ ငယ် နားမှ ဖြစ်မှာမို့ နောက်ရက်မှ အေးဆေးဆုံမယ်နော်...."
"ရပါတယ်ကွာ....ကြင်စဦးချိန်လေး ပျော်ပျော်ဖြတ်သန်းကြပါ... ရိပေါ်လေး အတော် ပင်ပန်းနေပုံပဲ...ဂရုစိုက်ဦး...ငါ ဘန်ဂလိုတွေ စစ်စရာရှိလို့ သွားတော့မယ်...."
ကလေးပေါက်စကို ကျောနှင့်ခြေထောက်အောက် လက်လျှိုကာ ပွေ့ချီလိုက်တော့ မျက်လုံးညိုလေးတွေ ဝိုင်းခနဲ...
အံ့အားတသင့် ငေးနေကြသော အကြည့်များကိုလည်း လျစ်လျူရှုကာ ကိုယ်နွေးနွေးလေးကို ထွေးပွေ့ရင်း လျှောက်လာမိတော့ အရှက်သည်းစွာ မျက်နှာဖူးဖူးလေးကို သူ့ရင်ဘတ်မှာ တိုးဖွက်ရင်း လည်ပင်းဆီမှ ကျစ်ကျစ်ပါအောင် ခိုတွဲလာသော လက်ကလေးတွေ....
![](https://img.wattpad.com/cover/229742516-288-k217911.jpg)
YOU ARE READING
To Be With You_Season (2) Completed [ Z&U ]
FanfictionZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...