Happy Birthday Special ♥ U
WHO တွင် ကျင်းပမည့် ဆေးသုတေသန စာတမ်းဖတ်ပွဲအတွက် data ရှာရစုရတာနှင့် ဒီရက်ပိုင်း အတော်ပင်ပန်းသည်။
Online မှာ ရှာတာရှာ ခေါင်းအုံးအိပ်လို့ရသည့် စာအုပ်ထူကြီးတွေကြား မျက်မှန်တပင့်ပင့်နှင့် ငယ် ထားပေးသည့် ကော်ဖီတို့ မုန့်တို့ပင် မစားနိုင်အားတာမို့ မုန့်ခွံ့ပေး၊ အသီးခွံ့ပေးနှင့် ငယ်လည်း ပင်ပန်းရှာသည်။
Dead line နီးပြီမို့ အချောသပ် လတ်စသတ်ပြီး ပို့ပေးပြီးတော့ သန်းခေါင်ယံကျော်။
စာအုပ်တွေ စီထပ်ပေးရင်း စာအုပ်ပုံပေါ်ခေါင်းအုံးကာ အိပ်ပျော်နေသူလေးကို ကုတင်ပေါ် အသာပွေ့ယူရင်း သူပါ ဝင်အိပ်လိုက်တော့တာ။
ကျိန်းစပ်နေသော မျက်လုံးတို့က ပြူတင်းမှဝင်နေသော နေရောင်ကိုကာရင်းနာရီကြည့်မိတော့ မနက် ရှစ်နာရီ။
ဘေးဘက်ကိုကြည့်လိုက်တော့ ငယ် ရှိမနေ။ ရေမိုးချိုးပြီး ခေါင်းသုတ်နေချိန်မှ ပြေးဝင်လာသော အိန်ဂျယ်လ်လေး။
"ဒီဒီရား....ဂျယ်ရေး လှရား..."
"ဒက်ဒီ့မင်းသမီးလေး အလှဆုံးဗျား...မွ...မွ..."
ဖြူဥနုမွတ်နေသော သမီးငယ်ကို ပါးဖောင်းဖောင်းလေးတွေ နမ်းနေတုန်း ရောက်လာကြတဲ့ အမွှာနှစ်ယောက်နှင့် ပါးပါး။
ရှိုးအပြည့်နှင့် မွှေးကြိုင်နေကာ ပါးပါးကလည်း မိမိုက်နေသည်မို့ ဒက်ဒီက အံသြဟန် အထင်းသား။
"သားအဖတွေ shopping ထွက်ကြမလို့လား..."
"ချော်ပင် ဟုတ်ဝူး...ပစ်တနစ်တွားမှာ...နော်...ပါးပါး..."
"ဒီဒီ လှလှဝတ်ဘူးရား..."
အတတ်ကလေးတွေက မေးနေပြီမို့ သမီးငယ်ကို ကုတင်ပေါ်တင်ပေးရင်း မျက်ခုံးပင့်ကြည့်မိတော့ အချွဲလေးပါးပါးက...
YOU ARE READING
To Be With You_Season (2) Completed [ Z&U ]
FanfictionZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...