TBWY (S_2) 29

6.3K 472 53
                                    

Part (29) U

"လာပါဦး ဖိုးဖိုးမြေးကြီးတွေ...သား ယန်ယန်က လေးလေးနဲ့ လိုက်မှာလား..."

"အကိုစုန့် ဝင်ခေါ်မယ်တဲ့...လေးလေး...အမွှာတို့လည်း ရေမိုးချိုး ထမင်းကျွေးပြီးမှဆိုတော့ လေးလေး နောက်ကျနေမှာ စိုးလို့...."

အမွှာလေးတွေက ညဝတ်အင်္ကျီလေးတွေနှင့် မျက်လုံးလေးတွေပွတ်ရင်း ဘိုးအေဆီရောက်လာတာမို့ နဖူးလေးတွေနမ်းရင်း လင်းယန်ကို မေးလာတဲ့ ဝမ်ပါးပါး။

"ဆေးရုံကနေ
ကုမ္ပဏီတစ်ခါတည်း ဝင်မှာဆိုတော့ ခုလောက်ထွက်မှဖြစ်မှာ...မြေးတို့ ယန်ယန်ပြောတာ နားထောင်နော်..."

မြေးနှစ်ယောက်ကို ခေါင်းလေးပုတ်ပြီး ထွက်သွားတာမို့ လင်းယန် အမွှာတို့ကို ရေမိုးချိုးပေး အင်္ကျီဆင်တူလေးတွေ ဝတ်ပေးပြီး ထမင်းခွံ့​နေလိုက်သည်။

"ဝမ်လေး...မန်မန်စားပြီးရင် ပါးပါးနဲ့ညီမလေးဆီ သွားမှာနော်...ကျန့်လေး...အာ..."

ကျန့်လေးက ငြိမ်ငြိမ်စားနေပေမယ့် ဝမ်လေးက ဆော့ရင်းစားနေတာမို့ လင်းယန် ​ပြောကာမှ လာထိုင်စားတော့တာ။

"ပါးပါးရား...ညမရေးချီရား..."

"ညီမလေးကို သွားကြည့်ရအောင်...နှစ်ယောက်လုံး...နို့သောက်ကြမယ်..."

"တောက်မယ်...နို့နို့တောက်မယ်..."

လက်လေးတွေ ပါးစပ်လေးတွေ သုတ်ပေးပြီး အားဆေးရည်တစ်ဇွန်းဆီ တိုက်ကာ အကိုရိဖန်နှင့်အကိုလုဟန်တို့အတွက် ထမင်းချိုင့်ယူပြီး လူကြီးအလာကို အသင့်စောင့်နေလိုက်သည်။

သိပ်မကြာခင်လေးတင်  ရောက်လာတာမို့ နောက်ခန်းက ကလေးခုံလေးတွေမှာ နေရာချပေးကာ ဆေးရုံဆီ ထွက်ခဲ့ကြတော့သည်။

ဝမ်ပါးပါးက အလုပ်မသွားခင် သားနှင့်မြေးကို ဝင်ကြည့်သွားပြီမို့ ရိဖန်နှင့်လုဟန် ခြေညောင်းလက်ဆန့်အနေနှင့် ဆေးရုံရှေ့ပန်းခြံထဲ ခဏထွက်လျှောက်နေဖြစ်ကြသည်။

ဆေးရုံအခန်းထဲမှာတော့ နီတာရဲသမီးလေးကို တို့ထိမြှူနေတဲ့ ဒက်ဒီရယ် ပီတိအပြုံးနှင့်ပါးပါးရယ် မိသားစုကမ္ဘာလေး တည်ဆောက်နေကြလေသည်။

To Be With You_Season (2) Completed [ Z&U ] Where stories live. Discover now