TBWY (S_2) 46 🎭

4.3K 391 15
                                    

Part (46) U

ကျောင်းမပြန်မဖွင့်သေးတော့ online ကနေ handmade video လေးတွေ ကြည့်ပြီး လိုက်လုပ်ဖြစ်နေတာ။

"ပါး.....ပါး..."

အသံကြားလို့ ကြည့်လိုက်တော့ ဆပ်ပြာအမြုပ်တွေ ပေလူးကာ ရယ်ပြနေသော အိန်ဂျယ်လေး။

အမွှာနှစ်ယောက်က ဝရန်တာက လေဖြည့်ပြီးဆော့ရတဲ့  ရေကန်ထဲမှာ။
ဆပ်ပြာမြှပ်တွေက အပြင်ဘက်အထိ လျှံကျကာ နှစ်ယောက်လုံး အမြှုပ်လုံးလေးတွေ ဖြစ်နေပြီ။

အာရုံစိုက်နေတုန်း ငြိမ်နေပါတယ် မှတ်တာ...
မောင်နှမသုံးယောက်လုံး စိတ်ကြိုက်သောင်းကျန်းထားကြတာကိုး....

ပေတာက အရေးမကြီး။
ရေချိုးပြီးသားကို ညနေစောင်းမှ ထပ်ချိုးပေးရင် နေမကောင်း ဖြစ်ဦးမည်။

အိန်ဂျယ်လ်လေးက မနက်တည်းက နှာစေးနေလို့ ကိုကို ဆေးတိုက်ခဲ့ရသေးတာ။

နောက်နှစ်ဆို KG တက်ရတော့မည်။
စကားနှင့်ပဲ ပြောနေဆုံးမနေပေမယ့် ဆုပေးဒဏ်ပေးတော့ တစ်ခါတစ်ခါ လုပ်ပေးရမှ ဖြစ်မည်။

လုပ်လက်စ ကပ်ကြေးတွေ စက္ကူလိပ်တွေ တိုလီမုတ်စ အကုန်ကောက်သိမ်းကာ သမီးငယ်ကို ရေပတ်တိုက်ပြီး မြန်မြန်နွေးတာလေး ဝတ်ပေးပြီး ပြန်ထွက်လာတော့ ဆော့ပြီးသမျှ တန်းသိမ်းတတ်တဲ့ အကျင့်လေးရနေတဲ့ အမွှာတို့က အရုပ်တွေကိုတော့ သိမ်းပြီးသား။

နှစ်ယောက်လုံးကို ရေချိုးပေးပြီးတာနှင့် လုပ်ငန်းစလေပြီ။

လမ်းလည်းရှင်း ကားလည်းမပိတ်တာမို့ ရှောင်းကျန့် ပြန်ရောက်တော့ လေးနာရီခွဲသာသာ။

ကားသိမ်းပြီး ဆေးအိတ်ဆွဲဝင်လာတော့ သမီးငယ်လေးကို ချီထားရင်း ကြိုနေသော ငယ်။

နှာရည်လေးစိုနေသော သမီးငယ်ကို  နဖူးလေးစမ်းပြီး လက်လွှဲချီပြီး ဆေးတိုက်ဖို့တွေးရင်းက အရင်လို ကားသံကြားတာနှင့် ပြေးထွက်ကြိုတတ်သော အမွှာနှစ်ယောက်ကို ရှာနေမိတာ။

"ကိုကို့သားတွေ အပေါ်မှာ..."

"အိပ်နေတာလား...ညနေစောင်းကြီး..."

To Be With You_Season (2) Completed [ Z&U ] Where stories live. Discover now