TBWY (S_2) 12

6.6K 495 41
                                    

Part (12) U

"ဘာတွေချက်နေတာလဲ....ချစ်ရဲ့..."

"မျက်နှာမသစ်ရသေးဘူး မဟုတ်လား...."

"နိုးလာတော့ ချစ်ကိုမှ မမြင်ရတာ..."

"အဲ့ဒါနဲ့ပဲ လာကပ်နေရလား...ပိတ်ရက်လေးမို့ လူစုံတုန်း ဟင်းထုပ်ပေါင်းမလို့ လုပ်နေတာ..."

"Morning Kiss........."

"မျက်နှာမသစ်ပဲ.......အွန့်...."

ရိဖန်နိုးလာတော့ အိမ်သူလေးကို မမြင်ရတာမို့ မီးဖိုခန်းထဲဝင်ရှာတော့ ထင်တဲ့အတိုင်း အေပရွန်လေးဝတ်ထားသော နောက်ကျောသေးသေးကို မြင်ရသည်။

ခါးကနေသိုင်းဖက်ရင်း ပုခုံးလေးပေါ်မေးတင်ကာ မျက်လုံးမဖွင့်ပဲ မေးမိတော့ မျက်လုံးဝိုင်းလေးတွေ ကြည်တောက်နေအောင် ပြုံးလာသူလေး။

"အကိုလု.....ရဲယိုရွက်က တော်....."

"ဘုတ်....."

"လင်း....လင်းယန်....လာလေ....."

"ဟို...ရဲယိုရွက်က တော်လောက်ပြီလား လို့...."

အနမ်းတွေ အရှိန်တက်နေတုန်း မီးဖိုထဲ ဝင်လာသော လင်းယန်ခမျာ စကားတွေထစ်ကာ နောက်ကပါလာသော စုန့်လန်လက်ထဲက ရဲယိုရွက်ခြင်းလေးက ဘုတ်ခနဲ။

လည်ပင်းကို အရှက်ပြေပွတ်ကာ ရိဖန်က ထွက်သွားပြီ။လုဟန်ကတော့ မျက်နှာရဲရဲလေးနှင့် ပြောလာသည်မို့ လင်းယန်တို့ ဆက်ဝင်လာရဲတာ။

တနင်္ဂနွေနေ့မို့ လူလည်းစုံတုန်း ဟင်းထုပ်လုပ်စားမယ်ဆိုပြီး စောစောနိုးကြကာ ပြင်ဆင်နေကြခြင်း။

လုဟန်က ဆန်မုန့်ကိုရေစပ်စပ်ထည့်ကာ အနှစ်နယ်နေတုန်း လင်းယန်နှင့် စုန့်လန်က ရဲယိုရွက်မနုမရင့်တွေ ခူးကာ ရေဆေးစစ်ပြီး ယူလာတာ။

"ဟန်ရေး....ဟန်ရေး...."

"အား....အူကြူးလေးတွေ နိုးပြီလား....ငယ်လေး....ကြက်ဥပူတင်းရပြီနော်...."

"ဟုတ်....ကိုကြီးလု...ကျွေးထားနှင့်လိုက်မယ်....ပြီးမှ ကူမယ်နော်...."

"ကလေးတွေပဲ ကြည့်ပါ...ငယ်လေးရဲ့...အတော်စုံနေပြီပဲဟာ....."

"ငယ်....လုပ်တတ်ချင်လို့...."

To Be With You_Season (2) Completed [ Z&U ] Where stories live. Discover now