Part (16) U
"နည်းနည်းအေးတာနဲ့ ဖြစ်တာပဲ ဆရာရယ်...ဆေးရုံဆေးခန်းလည်း မရောက်ဖြစ်ပါဘူး....အခုက မြေးလေး ပြန်လာလို့သာ....အဟွတ်....."
"မောနေပါမယ် အဘိုးရဲ့...ဖြည်းဖြည်းချင်း ပြောပါ...ရင်ကြပ်တာက အအေးပိုလာရင် ပြန်ထတတ်တာပါပဲ....ကျွန်တော် သောက်ဆေး ပေးလိုက်မယ်နော်...."
"အဘိုးက အဲ့လိုပဲ..ပေတေနေတာ.....မနည်းခေါ်လာရတာ ဒေါက်တာရဲ့...ကျွန်တော်ကလည်း လတိုင်းပြန်လာဖြစ်တာ မဟုတ်တော့ အမြဲမကြည့်နိုင်ပြန်ဘူး...."
"လူကြီးတွေက နားအေးပါးအေးပဲ နေချင်ကြတာ...ဆေးရုံဆေးခန်းလည်း တော်ရုံမသွားချင်ကြဘူးလေ...အိမ်တွင်းကုထုံးအနေနဲ့ဆို green tea သောက်ပေးတာ ကောင်းတယ်...."
"ကျေးဇူးပါ ဒေါက်တာ....ခွင့်ပြုပါဦး ခင်ဗျ...."
"ပြန်ပြီနော်...ဆရာ..."
"ဟုတ်ကဲ့...ဂရုစိုက်သွားပါခင်ဗျာ...."
ပန်းနာရင်ကြပ်ဖြစ်နေသော အဘိုးကို မြို့မှာအလုပ်သွားလုပ်နေတဲ့ မြေးက ပြန်လာတုန်းလေး ဆေးရုံပို့ပေးခြင်း။
အဘိုးရဲ့စိတ်မရှည်ဟန်နှင့် မြေးဖြစ်သူရဲ့ တိုင်ပြောသလို အပြောမှာ တပြုံးပြုံးနှင့် လိုအပ်သည့်ကုသမှုတွေ လုပ်ပေးပြီး နာရီကြည့်လိုက်စဥ် ဖုန်းမြည်လာသည်မို့....
"ဟယ်လို....ကျန့်အာ...."
"နေကောင်းလား ဖေဖေ....သွေးတိုးတာ အဆစ်အမြစ်ကိုက်တာတွေ ဖြစ်သေးလား...."
"ကောင်းပါ့ဗျား...မြေးထိန်းဖို့ ကျန်းမာရေးကတော့ A အဆင့်ပါပဲ..."
"အဲ့ဒါဆို A+ ဖြစ်အောင် လုပ်ထားတော့ ဖေဖေရေ...."
"ဟေ....."
"နောက်တိုးစာရင်း ထပ်ဖြည့်ရတော့မှာ ဖေဖေ...ငယ့်မှာ ဖေဖေ့မြေးလေး ရှိနေပြီ....."
"အိမ်း....သတင်းကောင်းပဲ သားရေ....ဒါနဲ့ အမွှာတို့ကြီးရင် အလည်ခေါ်မလို့ကို ဒီတိုင်းဆို ဘယ်လာနိုင်ဦးမလဲ...."
"ကျန့်ကျန့်ရေ...အကိုရှောင်းက မြေးလေးထပ်ရမှာမလို့ ပျော်နေပြီ...အမွှာလေးအကြောင်းတောင် ကြွားမဆုံးသေးဘူး....နောက်ကြွားစရာလေး ရလာပြီပေါ့...."
VOUS LISEZ
To Be With You_Season (2) Completed [ Z&U ]
FanfictionZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...