TBWY (S_2) 25

5.7K 418 42
                                    

Part (25) U

"အာ့....ကျွတ်...ကျွတ်...."

လက်အိတ်လေးချွတ်ပြီး ခါးကိုအသာဖိကာ ခြေထောက်လေးဆင်းလိုက်ရင်း စုတ်သပ်မိတော့ လင်းယန်က လက်အိတ်ချွတ်ပြီး ချက်ချင်းထလာကာ  ​ခြေသလုံးလေးတွေကို နှိပ်ပေးလေသည်။

"နားနားနေနေ နေပါ လင်းယန်ရာ...ထိုင်တာ နည်းနည်းကြာသွားလို့ပါ...."

"ကျောင်းသွားတာရယ် စာကြည့်တာရယ်ပဲ လုပ်နေရတာပါ အကိုလေးရ...နည်းနည်းပါးပါးကူတာ​လေးပါ...အငယ်ဆုံးလေးက နှိပ်ပေးတာကို အားမနာရဘူးလေ..."

"လိမ်မာလိုက်တဲ့ အငယ်ဆုံးလေး..."

ဆံပင်ပျော့ပျော့လေးတွေကို အသာလှမ်းဖွလိုက်ရင်း ရိပေါ် ပြောလိုက်တာမို့ လင်းယန်မျက်နှာလေး ပြုံးသွားရင်း စားပွဲပုလေးပေါ်မှ ဆေးအဆီပုလင်းလေးကိုယူကာ ခြေဖမိုးဖောင်းဖောင်းလေးဆီ အစက်ချပေးကာ အသာနှိပ်ပေးနေတော့သည်။

"ဒါ အညောင်းအညာပြေပြီး အရိုးအဆစ်တွေအတွက်ပါ ကောင်းတဲ့ဆေးတဲ့...ကြီးကြီးပြန်လာတုန်းက ပါလာတာလေ...ဘယ်လိုလဲ...နေလို့အဆင်ပြေလား အကိုလေး...."

"အင်း...နေလို့ကောင်းသား...ခြေထောက်တွေက ပိုဖောင်းလာလို့ အစ်တစ်တစ်ဖြစ်နေတာ..."

"မွေးရက်နီးလာပြီပဲကို...ကျွန်တော်တော့ ရင်ခုန်နေတယ်...တူလေးလား တူမလေးလား...အသည်းယားလို့...."

"အာ့... ကြားသွားပြီ ထင်တယ်...အထဲက ကန်နေပြီ..."

"ပါးပါးရား...ထမျင်းရိပ်ရား..."

အဖိုးဖြစ်သူနှင့် ခြံထဲဆင်းကစားနေသော လုံးတုံးလေးတွေက ပြေးဝင်လာကာ ပါးပါးအနားထိုင်ချပြီး စပ်စုနေပြီ။

"အင်း...ထမင်းလိပ်...သားသားတို့ဖို့ သပ်သပ် ရှိတယ်နော်...ဒါက ဒက်ဒီ့ဖို့...သားသားတို့...ချွေးတွေ ကပ်စီးနေတာပဲ...ပြေးဆော့ထားကြတာလား...ဖိုးဖိုးတော့ မောနေတော့မယ်...."

လင်းယန်က အလိုက်တသိပင်အမွှာတို့ကို ရေချိုးခန်းဆီ ပွေ့သွားတာကြောင့် ဝမ်ပါးပါးက ဆိုဖာမှာ ဝင်ထိုင်လိုက်ရင်း....

"မောချိန်ကိုမရတာ...လုံးတစ်နေအောင် ပြေးကြတာများ....မလဲအောင်လည်း ကြည့်ရသေး...ဘယ်သူနဲ့တူလို့ သောင်းကျန်းမှန်း မသိဘူး..."

To Be With You_Season (2) Completed [ Z&U ] Where stories live. Discover now