Part (23) U
"စာလုပ်နေတာလား ကလေး...."
"Game ဆော့နေတာ..."
"စာကောင်းကောင်းသင်...GuSuက စောင့်နေမယ် လို့ ပြောထားတယ်မလား..."
"ခုမှ ကျောင်းဖွင့်တာ...ဘာမှမသင်သေးတာကို ဘယ်စာကို လုပ်ရမှာလဲဗျ...."
"သူငယ်ချင်းတွေရော ရပြီလား..."
"ဟင့်အင်း....အချစ်ဆုံး သူငယ်ချင်းဆိုလို့ ပေါ်ပေါ်ပဲရှိတာ...သူမှ ကျောင်းမတက်ရတာကို....အဲ့ဒါ MD သူငယ်ချင်းကြောင့်...."
"အာ...ကိုယ်နဲ့မဆိုင်ဘူးလေကွာ....ရှောင်းကျန့်က ရိပေါ်လေးကို ဒီလောက်ချစ်တာ....ခုထိ မကြည်သေးဘူးလား..."
"ဘာချစ်တာလဲ...ကွယ်ရင်မေ့ တွေ့သေအောင်လွမ်းပြနေတာကိုများ..."
Weibo chat box မှ ဝင်လာနေသော စာများကို ဖတ်ရင်း ဟိုက်ခွမ်း အသံထွက်ရယ်နေမိသည်။
ဒီချာတိတ်က ဘာအလိုမကျတယ်မသိ။
ဘုတောနေတာများ အခုနေ စူပုပ်နေမည့် မျက်နှာလေးကို မြင်ယောင်ကာ အသည်းတယားယား။ဘာလို့မှန်းမသိ မအားတဲ့ကြားက ချာတိတ်နှင့်စကားပြောနေရတာကိုက ပျော်နေမိတာ။
ဝေးနေတော့မှ ကိုယ့်ကိုကိုယ် ပြန်မြင်မိတော့သည်။ကျိုးချန်ကတော့ seen ဖြစ်ပြီး ပြန်မလာသော reply ကိုလည်း မျှော်မနေတော့။
လိုင်းပိတ်ကာ ပြောထားတာတွေ ပြန်ဖတ်မိတော့ မဆိုင်သူကို ဘုဘောက်ကျထားသော စာများ။
ဒေါက်တာရှောင်းကို မကြည်သမျှ မနိုင်နိုင်ရာ မဲမိလေသလား မသိ။လင်နေစ ဆင်သေမှတဲ့...ဟွန့်...
အမ်....အဲ့ဒါဆို ငါနဲ့သူက....အား....ရူးနေလား ကျိုးချန်....ကိုယ့်ခေါင်းကိုယ်ပြန်ထုရင်းက အတွေးတို့က ဝင်လာပြန်သည်။
ငါပြောမိတာ မှားသွားပြီလား....
ဒါပေမယ့် ငါမပြောရင် ပေါ်ပေါ် သိမှာမဟုတ်ဘူး...
ငါ့သူငယ်ချင်းလေး ဗိုက်ထဲမှာ ကလေးလေးနဲ့ ငိုနေပြီလား မသိဘူး...Flash back
"အဲ့ဒါပဲ ပေါ်ပေါ် ငါအစက မပြောပဲနေမလို့...ခါးပတ်ကစ လိုက်ပတ်ပေးနေတော့..."
"သူတို့ ဆေးရုံကပဲလား..."
"ဟုတ်လိမ့်မယ်...ကဒ်ဆွဲထားတာတွေ့တယ်...မင်းလူကြီးက စိတ်အိုက်နေပုံရပေမယ့် ပစ်ပစ်ခါခါတော့လည်း မဟုတ်ဘူး...ဘာပဲဖြစ်ဖြစ် ငါက မင်းသတိထားလို့ရအောင်ပြောတာ...သွားမကြမ်းနဲ့နော်..."
CZYTASZ
To Be With You_Season (2) Completed [ Z&U ]
FanfictionZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...